إعدادات العرض
ဆံပင်ရှုပ်ပွနေပြီး တံခါးဝတွင် ငြင်းပယ်မောင်းထုတ်ခံရသော များစွာသောသူများသည် အလ္လာဟ်အရှင်မြတ်ကို…
ဆံပင်ရှုပ်ပွနေပြီး တံခါးဝတွင် ငြင်းပယ်မောင်းထုတ်ခံရသော များစွာသောသူများသည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ကျိန်ဆိုပါက အရှင်မြတ်သည် ထိုကျိန်ဆိုချက်ကို ပြည့်စုံစေတော်မူ၏။”
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဆံပင်ရှုပ်ပွနေပြီး တံခါးဝတွင် ငြင်းပယ်မောင်းထုတ်ခံရသော များစွာသောသူများသည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ကျိန်ဆိုပါက အရှင်မြတ်သည် ထိုကျိန်ဆိုချက်ကို ပြည့်စုံစေတော်မူ၏။”
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Hausa Kurdî தமிழ் Nederlands Kiswahili অসমীয়া ગુજરાતી Magyar ქართული Română ไทย Português मराठी ភាសាខ្មែរ دری አማርኛ Македонски తెలుగు Українська ਪੰਜਾਬੀ മലയാളം Moore ಕನ್ನಡ پښتوالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်− လူတို့အနက် ဆံပင်များရှုပ်ပွနေပြီး ဖုန်များပေလူးနေသူတစ်ဦးရှိ၏။ ထိုသူသည် ဆံပင်ကို ဆီမလိမ်း၊ မကြာခဏလည်း မလျှော်။ လူတို့ထံ၌ သူသည်အလေးထားခြင်းလည်း မခံရပေ။ လူတို့က သူ့အား မိမိတို့၏ အိမ်တံခါးဝများမှ တွန်းထုတ်ပစ်ကြပြီး မထီမဲ့မြင်ပြု၍ မောင်းထုတ်ကြသည်။ သို့ရာတွင် ထိုသူသည် အကြောင်းတစ်ခုခုကို ကျိန်ဆို၍ ဖြစ်စေရန် ဆုတောင်းခဲ့လျှင် ထိုအရာကို အလ္လာဟ် အရှင်မြတ်က ဖြစ်ပေါ်စေတော်မူ၏။ ယင်းမှာ ထိုသူ၏ ဆုတောင်းကို ဖြေကြားပေးခြင်းဖြင့် ဂုဏ်ပြုတော်မူခြင်းနှင့် သူ၏ကျိန်ဆိုချက် မမှားယွင်းစေရန် ကာကွယ်ပေးတော်မူခြင်း ဖြစ်၏။ အကြောင်းမှာ ထိုသူသည် အလ္လာဟ်အရှင်မြတ်ထံတွင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်း မြင့်မြတ် သောကြောင့်ပင်ဖြစ်သည်။فوائد الحديث
၁။ အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ်ကျေးကျွန်၏ ရုပ်သဏ္ဍာန်ကို ကြည့်တော်မမူဘဲ စိတ်နှလုံးနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူ၏။
၂။ လူသားတစ်ဦးသည် မိမိ၏ ရုပ်ခန္ဓာနှင့် ဝတ်စားဆင်ယင်မှုထက် မိမိ၏ လုပ်ရပ်နှင့် စိတ်နှလုံး သန့်ရှင်းစင်ကြယ်မှုကို ပိုမို ဂရုစိုက်သင့်သည်။
၃။ အလ္လာဟ်အရှင်မြတ်အတွက် ရို့ကျိုးမှုနှင့် မိမိကိုယ်ကို နှိမ့်ချစွာဖော်ပြမှုသည် ဒုအာဆုတောင်းမှု ပြည့်စုံခြင်း၏ အကြောင်းတရားတစ်ခု ဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ဖုံးကွယ်၍နေထိုင်သော မွသ်သကီအပြစ်ရှောင်ကြည်သူ သူတော်ကောင်းများ၏ ကျိန်ဆိုချက်ကို ပြည့်စုံတော်မူ၏။
၄။ တစ်ဦးနှင့်တစ်ဦး အချင်းချင်း မထီမဲ့မြင် မပြုမိစေရန်အတွက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ပညာပေးဆုံးမမှု သဘောတရားကို ရှင်းလင်းဖော်ပြထားခြင်း။
