အသင်တို့သည် အသင်တို့စိတ်ကြိုက် အစားအသောက်များကို ပေါများစွာရရှိနေသည်မဟုတ်လော။ ဧကန်စင်စစ် ကျွန်ုပ်သည်…

အသင်တို့သည် အသင်တို့စိတ်ကြိုက် အစားအသောက်များကို ပေါများစွာရရှိနေသည်မဟုတ်လော။ ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့၏နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီး‌ခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို ကျွန်ုပ်မြင်တွေ့ခဲ့ရဖူးသည်။

နုအ်မားန် ဗင်န် ဗရှီးရ် ( ရဿွိယလ္လာဟုအန်ဟု ) ဆင့်ပြန်ခဲ့သည်။ အသင်တို့သည် အသင်တို့စိတ်ကြိုက် အစားအသောက်များကို ပေါများစွာရရှိနေသည်မဟုတ်လော။ ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့၏နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီး‌ခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို ကျွန်ုပ်မြင်တွေ့ခဲ့ရဖူးသည်။

[صحيح] [رواه مسلم]

الشرح

နုအ်မာန် ဗင်န် ဘရှီးရ် (ရဿွိယလ္လာဟုအန်ဟု) က လူတို့အား သူတို့ပိုင်ဆိုင်နေရသော နိအ်မသ်ကျေးဇူးတော်များနှင့် ၎င်းတို့သည် အလိုရှိသမျှ စိတ်ကြိုက်စားနိုင်သောက်နိုင်သော စားစရာနှင့်သောက်စရာများ ရှိနေကြဆဲဖြစ်သည်ကို သတိပေးပြောကြားခဲ့သည်။ ထို့နောက် ၎င်းက နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီး‌ခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို တင်ပြခဲ့သည်။

فوائد الحديث

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဇုဟ်ဒ် (လောကီအလိုဆန္ဒကို စွန့်လွှတ်သော ဘဝနေထိုင်မှု)၏ အခြေအနေကို ရှင်းလင်းဖော်ပြခြင်း။

လောကီဘဝ၌ ဇုဟ်ဒ် (အလိုဆန္ဒကို စွန့်လွှတ်ခြင်း) ပြုရန်၊ အနည်းငယ်ဖြင့်သာ ကျေနပ်ရောင့်ရဲရန် နှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား အတုယူလိုက်နာရန် တိုက်တွန်းထားခြင်း။

လူသားများအား သူတို့ပိုင်ဆိုင်နေရသော နိအ်မသ်ကျေးဇူးတော်များကို သတိရစေခြင်းနှင့် ထိုကျေးဇူးတော်များအတွက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ရန် တိုက်တွန်းထားခြင်း။

التصنيفات

လောကီချစ်စိတ်ကို ရှုံ့ချခြင်း။