အသင်တို့၏အဝတ်များအနက် အဖြူရောင်ကို ဝတ်ဆင်ကြလော့။ အဘယ်ကြောင့်ဆို‌သော် ၎င်းသည် အသင်တို့၏…

အသင်တို့၏အဝတ်များအနက် အဖြူရောင်ကို ဝတ်ဆင်ကြလော့။ အဘယ်ကြောင့်ဆို‌သော် ၎င်းသည် အသင်တို့၏ အကောင်းဆုံးအ ဝတ်များထဲမှတစ်ခုဖြစ်၏။ ထို့ပြင် သင်တို့၏ ကွယ်လွန်သေဆုံးသူများကို ၎င်းအဖြူရောင်အဝတ်ဖြင့် ကဖန်ထုပ်ကြလော့။

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏အဝတ်များအနက် အဖြူရောင်ကို ဝတ်ဆင်ကြလော့။ အဘယ်ကြောင့်ဆို‌သော် ၎င်းသည် အသင်တို့၏ အကောင်းဆုံးအ ဝတ်များထဲမှတစ်ခုဖြစ်၏။ ထို့ပြင် သင်တို့၏ ကွယ်လွန်သေဆုံးသူများကို ၎င်းအဖြူရောင်အဝတ်ဖြင့် ကဖန်ထုပ်ကြလော့။

[صحيح] [رواه أبو داود والترمذي وابن ماجه]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုး သားများအား အဖြူရောင်အဝတ်များဝတ်ဆင်ရန်နှင့် သေဆုံးသူများကို အဖြူရောင်အဝတ်စဖြင့် ကဖန်ထုပ်ပေးရန် လမ်းညွှန်ထား သည်။ အကြောင်းမှာ အဖြူရောင်သည် အဝတ်များတွင် အ ကောင်းဆုံးဖြစ်သည်။

فوائد الحديث

အဖြူရောင်အဝတ်ကို ဝတ်ဆင်ခြင်းသည် မုစ်သဟဗ် ဖြစ်ပြီး အခြားအရောင်များကိုလည်း ဝတ်ဆင်ခွင့်ရှိသည်။

သေဆုံးသူများကို အဖြူရောင်ဖြင့် ကဖန်ထုပ်ပေးခြင်းသည် မုစ်သဟဗ်ဖြစ်သည်။

အိမာမ်‌ရှောင်ကာနီက မိန့်ဆိုသည်မှာ - ဤဟဒီးစ်တော်သည် အဖြူရောင်ဝတ်ဆင်ခြင်းနှင့် သေဆုံးသူများကို အဖြူရောင်ဖြင့် ကဖန်ထုပ်ပေးခွင့်ရှိကြောင်းကို ညွှန်ပြနေသည်။ အကြောင်းမှာ အဖြူရောင်သည် အခြားအရောင်များထက် အသန့်ရှင်းဆုံးဖြစ်ပြီး အကောင်းဆုံးဖြစ်သောကြောင့်တည်း။ အကောင်းဆုံးဖြစ်ခြင်းမှာ သိသာသည်။ အသန့်ရှင်းဆုံးဖြစ်ခြင်းမှာမူ အညစ်အကြေးအနည်းငယ်ကျရောက်ပါက ပေါ်လွင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် အခြားအရောင်များထက် ပို၍ မွန်မြတ်မှုရှိသည်။

التصنيفات

အဝတ်အစားဆိုင်ရာ အာဒါဗ် စည်းကမ်းများ။