إعدادات العرض
အလွန်အကျွံသောက်သုံးပါက မူးယစ်စေသောအရာ၏ အနည်းငယ်မျှသည်လည်း ဟရာမ်ဖြစ်၏။
အလွန်အကျွံသောက်သုံးပါက မူးယစ်စေသောအရာ၏ အနည်းငယ်မျှသည်လည်း ဟရာမ်ဖြစ်၏။
ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အလွန်အကျွံသောက်သုံးပါက မူးယစ်စေသောအရာ၏ အနည်းငယ်မျှသည်လည်း ဟရာမ်ဖြစ်၏။"
الترجمة
العربية Tiếng Việt Indonesia Nederlands Kiswahili English অসমীয়া ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português తెలుగు मराठी ភាសាខ្មែរ دری አማርኛ বাংলা Kurdî Македонски Tagalog Українська ਪੰਜਾਬੀ മലയാളം Moore ಕನ್ನಡ Türkçe پښتو Bosanski हिन्दी فارسی Српски Shqipالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အလွန် အကျွံသောက်မိပါက အသိဉာဏ်ကို ပပျောက်စေသော မည်သည့်သောက်စရာ သို့မဟုတ် စားစရာမဆို၊ အနည်းငယ်သောက်မိလျှင် အသိဉာဏ်ကို မပပျောက်စေသော်လည်း ထိုအနည်းငယ်သောက်ခြင်းသည်ပင် ဟရာမ်ဖြစ်(တားမြစ်ထား)ကြောင်း ရှင်းလင်းမိန့်ကြားတော်မူထားသည်။فوائد الحديث
ရှရီအသ်တရားတော်၏ ရည်ရွယ် ချက်မှာ လူတို့၏ အသိဉာဏ်များကို ကာကွယ်စောင့် ရှောက်ရန် ဖြစ်သည်။
ဤဟဒီးစ်တွင် “ဆဒ်ဒုဇ်ဇရာအိ” (မကောင်းမှုဆီသို့ ဦးတည်သော လမ်းကြောင်းများကို ပိတ်ဆို့ခြင်း) ဟူသော မူဝါဒ ပါဝင်သည်။ ဆိုလိုသည်မှာ မကောင်းမှုများဆီသို့ ရောက်စေနိုင်သော အကြောင်းအရာအားလုံးကို ပိတ်ပင်ခြင်းပင် ဖြစ်သည်။
အနည်းငယ်ကို ဟရာမ်ဟု သတ်မှတ်ခြင်းမှာ ၎င်းသည် မူးယစ်စေသောအရာဆီသို့ ဦးတည်သွားစေနိုင်သည့် အကြောင်းခံ ဖြစ်သောကြောင့် ဖြစ်သည်။
အကယ်၍ အရာတစ်ခုသည် အနည်းငယ်သောက်သုံးမှုတွင်လည်း မူးယစ်ခြင်းမရှိ၊ အလွန်အကျွံသောက်သုံးမှုတွင်လည်း မူးယစ်ခြင်းမရှိပါက ၎င်းသည် ဟရာမ် မဟုတ်ပေ။
التصنيفات
တားမြစ်ထားသော သောက်စရာများ။