إعدادات العرض
ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့်…
ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။
အဘူ အမ်ရ် ( အချို့က အဘူ အမ်ရဟ် ဟုလည်း ဆိုကြသည် ) စွဖ်ယားန် ဗင်န် အဗ်ဒုလ္လာဟ် ( ရဿွိယလ္လာဟုအန်ဟု ) ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။
الترجمة
العربية Español አማርኛ English اردو Indonesia ئۇيغۇرچە বাংলা Français Türkçe Русский Bosanski සිංහල हिन्दी 中文 فارسی Tiếng Việt Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Nederlands ગુજરાતી Кыргызча नेपाली Yorùbá Lietuvių دری Српски Soomaali тоҷикӣ Kinyarwanda Română Magyar Čeština Moore Malagasy Oromoo ಕನ್ನಡ Wolof Azərbaycan O‘zbek Українська ქართული Македонски ភាសាខ្មែរ Bambara ਪੰਜਾਬੀ मराठी Kirundi Kurmancî Bahasa Melayu Yaoالشرح
သာဝကာကြီး စွဖ်ယာန်ဗင်န် အဗ္ဗဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အစ္စလာမ်ဘာသာ၏ အဓိပ္ပါယ်များအားလုံး ခြုံငုံပါဝင်သည့် စကားတစ်ရပ်ကိုသင်ကြားပေးရန် လျှောက်ထားခဲ့သည်။ သူသည် ထိုစကားအား စွဲမြဲစွာ နာယူကျင့်သုံးသွားမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ အခြားမည်သူကိုမျှ မေးမြန်းတော့မည် မဟုတ်ပါ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်ကြားတော်မူသည်မှာ- သင်အနေဖြင့် အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း တစ်ပါးတည်းသောအရှင်ဖြစ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်မွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်၏ ကိုးကွယ်ရာအရှင်၊ ကျွန်ုပ်အား ဖန်ဆင်းတော်မူသောအရှင်၊ ဖက်စပ်ယှဉ်တွဲသူမရှိဘဲ ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသော ကျွန်ုပ်၏အရှင်ဖြစ်ကြောင်း ကျွန်တော်မျိုး သက်ဝင်ယုံကြည်ပါသည်ဟု ဝန်ခံပြောကြားပါ။ ထို့နောက် အရှင်မြတ်သတ်မှတ်ထားသည့် ဖရ်ဿ်ွ မလုပ်မနေရ တာဝန်များကိုကျေပွန်ပြီး အရှင်မြတ် တားမြစ်ထားသည့်အရာများကို စွန့်လွှတ်ကာ ထိုအပေါ်စွဲမြဲစွာရပ်တည်ပါ။فوائد الحديث
သာသနာ၏အုတ်မြစ်မှာ- အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းတော်မူသောအရှင်၊ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်တော်မူသောအရှင်၊ ဂုဏ်တော်များ နာမတော်များကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်ကြောင်း အီမာန်သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
အီမာန် ယုံကြည်ပြီးနောက် မယိမ်းမယိုင်ဘဲ ကြံ့ခိုင်စွာရှိနေရန်၊ အိဗာဒသ် ခဝပ်ကိုးကွယ်မှုကို စွဲမြဲစွာပြုလုပ်ရန်၊ ထိုအပေါ်တွင် မြဲမြံစွာရပ်တည်ရန် အရေးကြီးသည်။
အီမာန် သက်ဝင်ယုံကြည်မှုသည် အမလ်ကျင့်ဆောင်မှုများ လက်ခံခြင်းခံရရန်အတွက် စည်းကမ်းချက်တစ်ရပ်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်းတွင် အီမာန်၏ အခြေအမြစ်တရားများ၊ အီမာန်နှင့်သက်ဆိုင်သည့် ယုံကြည်ချက်များအားလုံးပါဝင်သည်။ ထို့အတူ အီမာန် သက်ဝင်ယုံကြည်ခြင်း၏နောက်လိုက်ဖြစ်သော စိတ်နှလုံး၏ အမလ်ကျင့်ဆောင်မှုများ၊ အတွင်းပိုင်းနှင့် အပြင်ပိုင်းအား အလ္လာသ်အရှင်မြတ်ထံ နာခံအပ်နှင်းကာ အမိန့်နာခံခြင်းတို့ ပါဝင်သည်။
‘အိစ်သိကာမဟ်’ရှိခြင်းဟူသည် ဖရ်ဿ်ွ မလုပ်မနေရ တာဝန်များကို ဆောင်ရွက်ပြီး တားမြစ်ချက်များကို ရှောင်ကြဉ်ကာ အစ္စလာမ်ပေါ်တွင် စွဲမြဲစွာ ရပ်တည်ခြင်းဖြစ်သည်။
