“မီးဖြင့် ပြစ်ဒဏ်ပေးခြင်းသည် မီးကို ဖန်ဆင်းတော်မူသောအရှင် မြတ်အတွက်သာလျှင် သင့်တော်ပေသည်” ဟု…

“မီးဖြင့် ပြစ်ဒဏ်ပေးခြင်းသည် မီးကို ဖန်ဆင်းတော်မူသောအရှင် မြတ်အတွက်သာလျှင် သင့်တော်ပေသည်” ဟု မိန့်ကြားတော်မူခဲ့သည်။

အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)နှင့်အတူ ခရီးတစ်ခုသွားစဉ် တမန်တော်မြတ်သည် သဘာဝလိုအပ်ချက်ကို ဖြေရှင်းရန် ခေတ္တထွက်သွားခဲ့သည်။ ကျွန်ုပ်တို့သည် ငှက်မတစ်ကောင်နှင့် ၎င်း၏သားပေါက်နှစ်ကောင်ကို တွေ့ရှိခဲ့ကြသည်။ ကျွန်ုပ်တို့သည် ငှက်သားပေါက်ကလေးနှစ်ကောင်ကို ယူဆောင်လာခဲ့ကြသည်။ ထိုအခါငှက်မသည် သူ၏အတောင်များကို ဖြန့်ကားလျက် (ဝဲပျံနေခဲ့သည်) လာခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) ပြန်ရောက်လာသောအခါ၊ “မည်သူက ဤငှက်မကို ၎င်း၏သားပေါက်များ(ကို ဖမ်းဆီးခြင်း)ဖြင့်ဝမ်းနည်းကြွေကွဲစေခဲ့သနည်း။ ၎င်း၏သားပေါက်များကို ပြန်ပေးလိုက်ကြလော့” ဟု မိန့်တော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ်သည် ကျွန်ုပ်တို့မီးရှို့ပြီးသော ပုရွက်ဆိတ်အုံတစ်ခုကို တွေမြင်‌တော်မူသောအခါ “ဤပုရွက်ဆိတ်အုံကို မည်သူမီးရှို့ခဲ့သနည်း” ဟု မေးတော်မူသည်။ ကျွန်ုပ်တို့က“ကျွန်ုပ်တို့ မီးရှို့ခဲ့ပါသည်” ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က “မီးဖြင့် ပြစ်ဒဏ်ပေးခြင်းသည် မီးကို ဖန်ဆင်းတော်မူသောအရှင် မြတ်အတွက်သာလျှင် သင့်တော်ပေသည်” ဟု မိန့်ကြားတော်မူခဲ့သည်။

[صحيح] [رواه أبو داود]

الشرح

အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် ( ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်မှာ ၎င်းတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ခရီးတစ်ခုတွင် ရှိနေခဲ့ကြစဥ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သဘာဝလိုအပ်ချက်ကို ဆောင်ရွက်ရန် ခေတ္တထွက်ခွါသွားခဲ့သည်။ ထိုအခါ ကိုယ်တော်၏ တပည့်သာဝကများက ငှက်မတစ်‌ကောင်နှင့် သူ၏ငှက်သားပေါက်ကလေးနှစ်ကောင်ကို တွေ့ခဲ့ကြသည်။ ထို့နောက် သူတို့သည် ငှက်သားပေါက်ကလေးငှက်နှစ်ကောင်ကို ယူဆောင်ခဲ့ကြသည်။ ထိုအခါ ထိုငှက်မသည် သူ၏ကလေးများဆုံးရှုံးရသည့်အတွက် ကြောက်ရွံ့ပြီး စိုးရိမ်သောကရောက်ကာ အတောင်များကို ဖြန့်လျက် ပျံဝဲနေခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ပြန်ရောက်ရှိလာသောအခါ မည်သူက ဤငှက်မကို ၎င်း၏ကလေးများကို ယူဆောင်ခဲ့ခြင်းဖြင့် ဝမ်းနည်းသောကရောက်စေပြီး ထိတ်လန့်စေခဲ့သနည်း။”ဟု မိန့်ကြားတော်မူသည်- ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ငှက်ကလေးများကို မိခင်ငှက်မထံ ပြန်ပေးအပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မီးရှို့ဖျက်ဆီးခံထားရသော ပုရွက်ဆိတ်အုံတစ်ခုကို မြင်တွေ့ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “ဤပုရွက်ဆိတ်အုံကို မည်သူ မီးရှို့ခဲ့သနည်း” ဟု မေးမြန်းတော်မူခဲ့သည်။ ဆွဟာဗဟ်အချို့က “ကျွန်တော်မျိုးတို့ပါ” ဟု ဖြေကြားခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းတို့အား မိန့်ကြားတော်မူသည်- “အမှန်စင်စစ်၊ သက်ရှိသတ္တဝါကို မီးဖြင့် ပြစ်ဒဏ်ပေးခြင်းသည် ထိုမီးကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မပိုင်ပေ။

فوائد الحديث

သဘာဝလိုအပ်ချက်( အပေါ့အလေးစွန့်သည့်အခါ) အကာအကွယ်ပြုလုပ်ရန် တရားတော်၌ ပြဌာန်ထားခြင်း။

တိရစ္ဆာန်များအား သူတို့၏သားပေါက်များကို ဖမ်းဆီးယူဆောင်ခြင်းဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းမှ တားမြစ်ခြင်း။

ပုရွက်ဆိတ်နှင့် အင်းဆက်ပိုးမွှားများကို မီးရှို့ခြင်းမှ တားမြစ်ခြင်း။

တိရိစ္ဆာန်များအား ကရုဏာထားခြင်း၊ သနားညှာတာခြင်းကို အားပေးတိုက်တွန်းခြင်းနှင့် ဤသို့အား‌ပေးတိုက်တွန်းရာတွင် အစ္စလာမ်သာသနာသည်အရင်ဦးဆုံး ဖြစ်သည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ တိရိစ္ဆာန်များအပေါ် သနားကရုဏာထားခြင်း။

မီးဖြင့် အပြစ်ပေးခြင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်သောအခွင့်အာဏာတစ်ရပ်ဖြစ်သည်။

التصنيفات

ဂျိဟာဒ်၏ အာဒါဗ်စည်းကမ်းချက်များ။, အစ္စလာမ်သာသနာရှိ တိရစ္ဆာန်အခွင့်အရေးများ။