إعدادات العرض
“သင်တို့အနက်မှတစ်ဦးဦးသည် မိမိ၏ ပခုံးနှစ်ဖက်ပေါ်၌ (အဝတ်) တစ်စုံတစ်ရာ တင်ထားခြင်းမရှိဘဲ အဝတ်တစ်ထည်တည်းဖြင့်…
“သင်တို့အနက်မှတစ်ဦးဦးသည် မိမိ၏ ပခုံးနှစ်ဖက်ပေါ်၌ (အဝတ်) တစ်စုံတစ်ရာ တင်ထားခြင်းမရှိဘဲ အဝတ်တစ်ထည်တည်းဖြင့် ဆွလာသ်ဝတ်ပြုခြင်း မပြုရ။”
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “သင်တို့အနက်မှတစ်ဦးဦးသည် မိမိ၏ ပခုံးနှစ်ဖက်ပေါ်၌ (အဝတ်) တစ်စုံတစ်ရာ တင်ထားခြင်းမရှိဘဲ အဝတ်တစ်ထည်တည်းဖြင့် ဆွလာသ်ဝတ်ပြုခြင်း မပြုရ။”
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português Nederlands Tiếng Việt অসমীয়া ગુજરાતી Kiswahili پښتو සිංහල മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolof ភាសាខ្មែរ ಕನ್ನಡ Malagasy Kinyarwanda Српски Shqip தமிழ் Oromooالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဝတ်တစ်ထည်တည်းဖြင့် ဆွလာသ်ဝတ်ပြုသူအား ပခုံးနှစ်ဖက်ပေါ်တွင် တစ်စုံတစ်ရာဖုံးအုပ်ထားခြင်းမရှိဘဲ ဖော်ထားခြင်းမှတားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ပခုံးနှစ်ဖက်သည် ဖုံးအုပ်ထိုက်သော အစိတ်အပိုင်းမဟုတ်သော်လည်း ဆွလာသ်ဝတ်ပြုနေစဉ် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရပ်တည်နေချိန်၌ ယင်းတို့ကို ဖုံးကွယ်ထားခြင်းသည် ပို၍လေး နက်မှု၊ ရိုသေမှုရှိစေပြီး အရှက်ကို သေချာစွာဖုံးကွယ်နိုင်ရန် ပိုမိုအထောက်အကူဖြစ်စေသည်။فوائد الحديث
၁။ ဖုံးအုပ်ရန်လိုအပ်သော ‘အရှက်အင်္ဂါအစိတ်အပိုင်း’ကို ဖုံးထားလျှင် အဝတ်တစ်ထည်တည်းဖြင့် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်။
၂။ အဝတ်နှစ်ထည် ဝတ်ဆင်၍ ဆွလာသ်ဝတ်ပြုခွင့်ရှိပြီး၊ တစ်ထည်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖုံးအုပ်ထားပြီး ကျန်တစ်ထည်မှာ အောက်ပိုင်းကို ဖုံးအုပ်ထားရမည်။
၃။ ဆွလာသ်ဝတ်ပြုသူအနေဖြင့် ကောင်းမွန်သော ပုံပန်းသဏ္ဌာန်ဖြင့် ရှိခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
၄။ ဆွလာသ်ဝတ်ပြုစဉ် ပခုံးနှစ်ဖက်ကို သို့မဟုတ် တစ်ဖက်ကို တတ်နိုင်ပါက ဖုံးအုပ်ရန် လိုအပ်သည် အချို့က ပခုံးကိုဖော်မထားရန် တားမြစ်ထားခြင်းမှာ မက်ရူဟ်သန်ဇီဟ်( ပေါ့ပါးသော မနှစ်မြို့ဖွယ်) ဖြစ်သောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။
၅။ ဆွဟာဗဟ်သာဝကြီးများ၏ လက်ဝယ်တွင် ပစ္စည်း
ဥစ္စာ အလွန်နည်းပါးခဲ့သည်။ အဘယ်မျှဆိုသော် သူတို့ထဲမှ အချို့သည် အဝတ်နှစ်ထည်ပင်လျှင် ပိုင်ဆိုင်ခြင်း မရှိခဲ့ပေ။
အိမာမ်နဝဝီက ဤဟဒီးဆ်၏အဓိပ္ပါယ်နှင့်ပတ်သတ်၍ ရှင်းလင်းမိန့်ဆိုခဲ့သည်မှာ - "ဤတားမြစ်ချက်၏ နောက်ကွယ်ရှိ ဟိက်မသ်ဥာဏ်အမြှော်မြင်မှာ- လူတစ်ဦးသည် အဝတ်တစ်ထည်အား ခန္ဓာကိုယ်အောက်ပိုင်းကိုသာ ဝတ်ဆင်ထားပြီး ယင်းမှအဝတ်မှ တစ်ပိုင်းတစ်စသည် ၎င်း၏ပခုံးပေါ်တွင် မရှိပါက ဖုံးအုပ်ရန်လိုအပ်သော ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပေါ်လာနိုင်ခြေရှိသည်။ ပခုံးပေါ်တွင် အဝတ်ရှိပါက ထိုသို့ဖြစ်နိုင်ခြေမရှိပေ။ အဘယ်ကြောင့်ဆိုသော် မကြာခဏဆိုသလိုပင် လူသည် ယင်းကို တစ်လက်ဖြင့်သော်လည်းကောင်း၊ လက်နှစ်ဖက်ဖြင့်သော်လည်းကောင်း ကိုင်ထားရန် လိုအပ်တတ်ပြီး၊ ထိုအခြေအနေမျိုးတွင် ညာလက်ကို ဘယ်လက်ပေါ်တွင်ထားပြီး ရင်ဘတ်အောက်တွင် လက်ပိုက်ရမည့်စွန်နသ်တော်နှင့် ရဖ်အွလ်ရဒိုင်းန် (ရကူအ်သွားစဥ်၊ ရူကူအ်မှပြန်ထစဥ်) လက်နှစ်ဘက်ကို မြောက်ရသည့် စွန်နသ်တော်နှင့် အခြားသော စွန်နသ်တော်များမှာ ပျက်ကွက်သွားနိုင်ခြေရှိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် ကိုယ်ခန္ဓာအပေါ်ပိုင်းနှင့် အလှဆင်ရာနေရာကို ဖုံးအုပ်မှု ပြုရန်လိုသည့်အပိုင်းကို ချန်လှပ်ထားသောကြောင့် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်ကြားမူသည် - (အသင်တို့သည် ဗလီဝတ်ကျောင်းတော်(သို့ တက်ရောက်သည့်အခါ)တိုင်း၌ အသင်တို့၏ (အဝတ်အစားကို ဝတ်ဆင်၍) တင့်တယ်မှုကို ရယူကြပါ။) (စူရဟ်အအ်ရာဖ် : ၃၁)
التصنيفات
ဆွလာသ်၏ ရှူရူးသ် စည်းကမ်းချက်များ။