“မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်း၏နောက်တွင် 'စွဗ်ဟာနလ္လာဟ်' (၃၃)ကြိမ်၊ 'အလ်ဟမ်ဒုလိလ္လာဟ်' (၃၃)ကြိမ်၊…

“မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်း၏နောက်တွင် 'စွဗ်ဟာနလ္လာဟ်' (၃၃)ကြိမ်၊ 'အလ်ဟမ်ဒုလိလ္လာဟ်' (၃၃)ကြိမ်၊ 'အလ္လာဟုအက်ဗရ်' (၃၃)ကြိမ် ရွတ်ဆိုပါက၊ ၎င်းသည် (၉၉)ကြိမ်ဖြစ်ပြီး၊ တစ်ရာပြည့်အောင် لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ 'လာ အိလာဟ အိလလ္လလ္လာဟု ဝဟ်ဒဟူ လာ ရှရီက လဟူ၊ လဟုလ် မုလ်ကု ဝလဟုလ် ဟမ္ဒု၊ ဝဟုဝ အလာ ကုလ်လိ ရှိုင်အင်န် ကဒီရ်' ဟု ရွတ်ဆိုပါက ၎င်း၏အပြစ်များသည် ပင်လယ်ရေမြုပ်ကဲ့သို့ များပြားလင့်ကစား ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်း၏နောက်တွင် 'စွဗ်ဟာနလ္လာဟ်' (၃၃)ကြိမ်၊ 'အလ်ဟမ်ဒုလိလ္လာဟ်' (၃၃)ကြိမ်၊ 'အလ္လာဟုအက်ဗရ်' (၃၃)ကြိမ် ရွတ်ဆိုပါက၊ ၎င်းသည် (၉၉)ကြိမ်ဖြစ်ပြီး၊ တစ်ရာပြည့်အောင် لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ 'လာ အိလာဟ အိလလ္လလ္လာဟု ဝဟ်ဒဟူ လာ ရှရီက လဟူ၊ လဟုလ် မုလ်ကု ဝလဟုလ် ဟမ္ဒု၊ ဝဟုဝ အလာ ကုလ်လိ ရှိုင်အင်န် ကဒီရ်' ဟု ရွတ်ဆိုပါက ၎င်း၏အပြစ်များသည် ပင်လယ်ရေမြုပ်ကဲ့သို့ များပြားလင့်ကစား ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။"

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို ဖရဿ်ဆွလာသ်ဝတ်ပြုပြီး‌နောက်တွင် ( အောက်ပါအတိုင်း ဇိကိရ်များကို ) ရွတ်ဖတ်မည် - “စွဗ်ဟာနလ္လာဟ်" (၃၃)ကြိမ် - ဤသည် အလ္လာဟ်အရှင်မြတ်အား ချို့ယွင်းချက်အပေါင်းမှ စင်ကြယ်ကြောင်း ဖော်ညွှန်းခြင်းဖြစ်သည်။ “ အလ်ဟမ်ဒုလိလ္လာဟ်" (၃၃)ကြိမ် - ဤသည် အလ္လာဟ်အရှင်မြတ်အား ချစ်ခင်နှစ်သက်မှု၊ ဂုဏ်ပေးလေးစားမှုနှင့်အတူ ပြီးပြည့်စုံသော ဂုဏ်တော်များဖြင့် ချီးမွမ်းဂုဏ်တင်ခြင်းဖြစ်သည်။ “ အလ္လာဟုအက်ဗရ်" (၃၃)ကြိမ် - ဤသည်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးမြတ်ဆုံးဖြစ်ကြောင်း (ဝန်ခံခြင်းဖြစ်သည်။) ထို့နောက် အကြိမ်တစ်ရာပြည့်အောင် "لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ " ဟု ရွတ်ဆိုခြင်းဖြစ်သည်။ ၎င်း၏ အဓိပ္ပာယ်မှာ - အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းမှလွဲ၍ မှန်ကန်သည့် ခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်သော အရှင်ဟူ၍မရှိချေ။ ထိုအရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျင်းမရှိ။ ပြီးပြည့်စုံသော စိုးမိုးမှုအာဏာကို ပိုင်ဆိုင်တော်မူသောအရှင်၊ ချစ်ခင်နှစ်သက်မှု၊ ဂုဏ်ပေးလေးစားမှုနှင့်အတူ ချီးမွမ်းခြင်းအားလုံးကို ခံထိုက်တော်မူသောအရှင်၊ အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူဖြစ်သည်။ မည်သူမဆို ဤဇိက်ရ်ကို ရွတ်ဖတ်ပါက ၎င်း၏အပြစ်များသည် ပင်လယ်ပြင်၌ လှိုင်းတံပိုးတို့၏ပုတ်ခတ်မှုကြောင့် ပေါ်ပေါက်လာသော ရေမြုပ်များကဲ့သို့ များပြားလင့်ကစား ပယ်ဖျက်ခြင်းခံရပြီး၊ ခွင့်လွှတ်ချမ်းသာပေးခြင်းခံရမည်ဖြစ်သည်။

فوائد الحديث

ဖရဿ်ွဆွလာသ်များ ပြီးနောက် ဤဇိက်ရ်ကို ရွတ်ဖတ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။

ဤဇိကိရ်သည် အပြစ်အကုသိုလ်များ ခွင့်လွှတ်ခြင်းခံရခြင်း၏ အကြောင်းခံတစ်ခုဖြစ်သည်။

အလ္လာဟ်အရှင်မြတ်၏ ကြီးမားလှသော ကျေးဇူးတော်၊ ကရုဏာတော်နှင့် လွှတ်ငြိမ်းချမ်းသာခွင့်ပေးမှုကို (ဖော်ပြထားခြင်း။)

ဤဇိကိရ်သည် အပြစ်အကုသိုလ်များ ခွင့်လွှတ်ခြင်းခံရခြင်း၏ အကြောင်းခံတစ်ခုဖြစ်သည်။

အလိုသဘောမှာ ဂုနဟ်စွဂီရဟ် အသေးစားအပြစ်အကုသိုလ်များကိုသာ ပယ်ဖျက်ပေးခြင်းဖြစ်ပြီး၊ ဂုနဟ်ကဗီရဟ် အကြီးစားအပြစ်အကုသိုလ်များကိုမူ သောင်ဗဟ်အမှားဝန်ချတောင်းပန်မှုပြုခြင်းမှအပမှ ဘယ်အရာကမှ မပယ်ဖျက်ပေးနိုင်ပါ။

التصنيفات

ဆွလာသ်နှင့်သက်ဆိုင်သော ဇိက်ရ်တော်များ။