ဆွလာသ်နှင့်သက်ဆိုင်သော ဇိက်ရ်တော်များ။

ဆွလာသ်နှင့်သက်ဆိုင်သော ဇိက်ရ်တော်များ။

2- ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။

3- “အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်”ကို ရွတ်ဆိုလေ့ရှိသည်။ (အဓိပ္ပာယ် - အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ငြိမ်းချမ်းသာယာမှုအပေါင်းသည် အသင်အရှင်မြတ်၏ထံတော်မှ ကျရောက်လာခြင်းသာဖြစ်၏။ အို- အနန္တတန်ခိုးတော်ရှင်၊ ကျေးဇူးပြုတော်မူသောအရှင်၊ အသင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပါ၏။

4- “အလ္လာဟွမ်မ အင်န်နီး အအူးဇုဗိက မင်န်အဇာဗိ ဂျဟန္နမ်မ၊ ဝမင်န်အဇာဗိလ် ကဗရိ၊ ဝမင်န် ဖိသ်နသိလ် မဟ်ယာ ဝလ်မမာသိ ဝမင်န် ဖိသ်နသိလ် မစီးဟိဒ်ဒဂျာလ်“ (အဓိပ္ပါယ် အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဂျဟန္နမ်၏ ပြစ်ဒဏ်မှ လည်း ကောင်း၊ ကဗရ်သင်္ချိုင်း၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံ တွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊