إعدادات العرض
‘ အသင် မည်သည့်ဆွလာသ်ဝတ်ပြုပြီးနောက်တွင်မဆို 'အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အား သတိရတသခြင်း၊ အရှင်မြတ်အား…
‘ အသင် မည်သည့်ဆွလာသ်ဝတ်ပြုပြီးနောက်တွင်မဆို 'အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အား သတိရတသခြင်း၊ အရှင်မြတ်အား ကျေးဇူးတင်ခြင်း၊ ကောင်းမွန်စွာ အိဗာဒသ် ခဝပ်ကိုးကွယ်ခြင်းတို့ကို ပြုလုပ်နိုင်ရန် ကျွန်တော်မျိုးအား ကူညီတော်မူပါ’ ဟူသော ဒုအာအား ရွတ်ဆိုခြင်းကို မစွန့်လွှတ်ပါနှင့်။
မုအားဇ် ဗင်န် ဂျဗလ် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်း၏လက်ကို ကိုင်၍ မိန့်ကြားခဲ့သည်မှာ - "အလ္လာဟ်အရှင်မြတ်ရဲ့ ကစမ်၊ ဧကန်အမှန် ငါကိုယ်တော်သည် အသင့်အား ချစ်မြတ်နိုးပါသည်။ အို-မုအာဇ် ငါကိုယ်တော် အသင့်အား အကြံပေးတိုက်တွန်းပါသည်။ ‘ အသင် မည်သည့်ဆွလာသ်ဝတ်ပြုပြီးနောက်တွင်မဆို 'အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အား သတိရတသခြင်း၊ အရှင်မြတ်အား ကျေးဇူးတင်ခြင်း၊ ကောင်းမွန်စွာ အိဗာဒသ် ခဝပ်ကိုးကွယ်ခြင်းတို့ကို ပြုလုပ်နိုင်ရန် ကျွန်တော်မျိုးအား ကူညီတော်မူပါ’ ဟူသော ဒုအာအား ရွတ်ဆိုခြင်းကို မစွန့်လွှတ်ပါနှင့်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල Nederlands Tiếng Việt অসমীয়া پښتو ગુજરાતી Română മലയാളം नेपाली Deutsch मराठी Кыргызча తెలుగు ქართული Moore Magyar Svenska Українська Македонски ಕನ್ನಡ አማርኛ Kinyarwanda Wolof Oromoo ไทย Српски Lietuvių ਪੰਜਾਬੀ دری Malagasy ភាសាខ្មែរ தமிழ் Shqipالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု) ၏လက်ကို ကိုင်ကာ သူ့အား "အလ္လာဟ်အရှင်မြတ်ရဲ့ ကစမ်၊ ဧကန်အမှန် ငါကိုယ်တော်သည် အသင့်အား ချစ်မြတ်နိုးပါသည်" ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် "အို-မုအာဇ်၊ ငါကိုယ်တော် အသင့်အား တိုက်တွန်းလိုသည်မှာ- အသင် မည်သည့် ဆွလာသ်ကိုမဆို ဝတ်ပြုပြီးနောက်တွင် အောက်ပါဒုအာ ရွတ်ဆိုခြင်းကို မစွန့်လွှတ်လေနှင့်။ (اللهم أَعِنّي على ذكرك) 'အလ္လာဟုမ္မ အအင်နီ အလာ ဇိက်ရိက' အို- အလ္လာဟ်အရှင်မြတ်၊ အမိန့်နာခံမှုနှင့်နီးကပ်စေသော အပြောအဆိုနှင့် လုပ်ရပ်တိုင်းတွင် အရှင်မြတ်အား သတိရတသခြင်း၊ (وشُكْرِك) ဝ ရွှတ်က်ရိက၊ နိအ်မသ်ကျေးဇူးတော်များရရှိခြင်းနှင့် ဘေးအန္တရာယ်များကင်းရှင်းခြင်းအတွက် အရှင်မြတ်အား ကျေးဇူးတင်ခြင်းနှင့် (وحُسْن عبادتك) ‘ ဝ ဟုဆ်နိ အိဗာဒသိက' အိဗာဒသ်ခဝပ်ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ဖြစ်စေခြင်းနှင့် တမန်တော်မြတ်၏လမ်းစဉ်အတိုင်း အကောင်းဆုံးသော နည်းလမ်းဖြင့် အရှင်မြတ်အား အိဗာဒသ်ခဝပ်ကိုးကွယ်ခြင်း၊ တို့တွင် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါ။فوائد الحديث
တစ်ဦးတစ်ယောက်အား အလ္လာဟ်အရှင်မြတ်အတွက် ၎င်းအား ချစ်ခင်ကြောင်း အသိပေးပြောဆိုခြင်းသည် ရှရီအသ်တရားတော်တွင် ခွင့်ပြုထားသော အရာဖြစ်သည်။ (တစ်နည်း မွတ်စ်သဟဗ်ဖြစ်သည်။)
ဖရဿ်ွဆွလာသ်ဖြစ်စေ၊ နဖိလ်ဆွလာသ်ဖြစ်စေ ဝတ်ပြုပြီးတိုင်း ဤဒုအာကို ရွတ်ဆိုခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
ဤတောင်းဆုဒုအာတွင် စကားလုံးအနည်းငယ်သာပါဝင်သော်လည်း လောကီနှင့် နောင်တမလွန်၏ လိုအပ်ချက်များ လွှမ်းခြုံပါဝင်နေသည်။
အလ္လာဟ်အရှင်မြတ်အတွက် အချစ်ထားခြင်း၏ အကျိုးကျေးဇူးများအနက် - အမှန်တရားနှင့်ပတ်သတ်၍ အချင်းချင်း တိုက်တွန်း ဆုံးမခြင်း၊ ကောင်းမှုပြုခြင်းနှင့် ကြောက်ရွံ့ အပြစ်ရှောင် ကောင်းကျိုး ဆောင်ခြင်းအပေါ် အချင်းချင်း တစ်ဦးကို တစ်ဦး အကြံပေးခြင်းနှင့် ကူညီရိုင်းပင်းခြင်း တို့ဖြစ်သည်။
အိမာမ်သွီဗီက "အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း" သည် စိတ်နှလုံးအေးချမ်းမှု၏ အခြေခံဖြစ်ပြီး၊ "အရှင်မြတ်အား ကျေးဇူးတင်ခြင်း" သည် နိအ်မသ်ကျေးဇူးတော်များ ဆက်လက်ရရှိခြင်း၏ အ ကြောင်းခံဖြစ်ကာ၊ "ကောင်းမွန်စွာ အိဗာဒသ်ခဝပ်ကိုးကွယ်ခြင်း" ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်မှ တစ်ပါး (စိတ်ကိုလွှဲပြောင်းစေသော) အရာများမှ လုံးဝ စိတ်ကင်းရှင်းခြင်းပင်ဖြစ်သည်။” ဟု မိန့်ဆိုခဲ့သည်။
