إعدادات العرض
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်အား အဆုံးသတ်ပြီးသည့်အခါ…
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်အား အဆုံးသတ်ပြီးသည့်အခါ “အတ်စ်သဂ်ဖိရုလ္လာဟ်” သုံးကြိမ်နှင့် “အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်”ကို ရွတ်ဆိုလေ့ရှိသည်။
ဆောင်ဗာန်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်အား အဆုံးသတ်ပြီးသည့်အခါ “အတ်စ်သဂ်ဖိရုလ္လာဟ်” သုံးကြိမ်နှင့် “အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်”ကို ရွတ်ဆိုလေ့ရှိသည်။ အဓိပ္ပာယ် - အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ငြိမ်းချမ်းသာယာမှုအပေါင်းသည် အသင်အရှင်မြတ်၏ထံတော်မှ ကျရောက်လာခြင်းသာဖြစ်၏။ အို- အနန္တတန်ခိုးတော်ရှင်၊ ကျေးဇူးပြုတော်မူသောအရှင်၊ အသင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပါ၏။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் ไทย 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands ئۇيغۇرچە සිංහල دری Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy Kinyarwanda नेपाली Română Српски Soomaali Moore Deutsch Українська Български Wolof Azərbaycan ქართული тоҷикӣ bm Македонскиالشرح
ဆွလာသ်ဆောက်တည်သူသည် ဆွလာသ်ဆောက်တည်ပြီးသည့်အခါ “အတ်စ်သဂ်ဖိရုလ္လာဟ်၊ အတ်စ်သဂ်ဖိရုလ္လာဟ်၊ အတ်စ်သဂ်ဖိရုလ္လာဟ်” ဆိုခြင်းနှင့် ထို့နောက် “အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်” ဆိုခြင်း မွတ်စ်သဟဗ် ဖြစ်ကြောင်း ဟဒီးဆ်တော်တွင် ရှင်းပြထားသည်။ ဆွလာသ်ပြီးဆုံးပြီးနောက် ရွတ်ဆိုရသော အခြားဒုအာများလည်းရှိသည်။ ၎င်းဒုအာများသည် အခြားဩဝါဒများတွင် လာရှိထားသည်။فوائد الحديث
ဆွလာသ်ဆောက်တည်သူသည် ဆွလာသ်ပြီးဆုံးပြီးနောက် ‘အလ္လာဟုအက္ကဗရ်’ ဆိုရမည်ဟု ပြောသူအား ဩဝါဒတော်က ချေပထားသည်။
ဤဩဝါဒတော်တွင် “အတ်စ္စလာမ်” ဟူသည့်အမည်နာမတော်နှင့် ဂုဏ်တော်အား အလ္လာဟ်အရှင်မြတ်အတွက် အတည်ပြုထားသည်။ ထိုရှင်မြတ်သည် ချို့တဲ့မှုနှင့် ချို့ယွင်းမှု အပေါင်းမှ ကင်းစင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် မိမိ၏ကျွန်များကို လောကီနှင့် လောကုတ္တရာ၏ ဆိုးကျိုးများမှ ငြိမ်းချမ်းသာယာမှုကို ချီးမြှင့်တော်မူသောအရှင်ဖြစ်သည်။