နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1]…

နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] {အလ္လာဟ်အရှင်မြတ်၏ကူညီမှုနှင့် အောင်နိုင်မှု ရောက်ရှိလာသောအခါ} [အလ်-နဆ်ရ်: ၁] အာယသ် ကျရောက်ပြီးနောက် မည်သည့်ဆွလာသ်ကိုမဆို ဝတ်ပြုတော်မူသည့်အခါတိုင်း ထိုဆွလာသ်အတွင်း၌ ဤဒုအာ «سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي» ကို ရွတ်ဖတ်တော်မူခဲ့သည်

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)မှ ဆင့်ပြန်လာရှိသည်။ သခင်မက ပြောပြခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] {အလ္လာဟ်အရှင်မြတ်၏ကူညီမှုနှင့် အောင်နိုင်မှု ရောက်ရှိလာသောအခါ} [အလ်-နဆ်ရ်: ၁] အာယသ် ကျရောက်ပြီးနောက် မည်သည့်ဆွလာသ်ကိုမဆို ဝတ်ပြုတော်မူသည့်အခါတိုင်း ထိုဆွလာသ်အတွင်း၌ ဤဒုအာ «سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي» ကို ရွတ်ဖတ်တော်မူခဲ့သည်။ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ထံမှပင် ဆင့်ပြန်လာရှိသည်။ သခင်မက ပြောပြခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ ရူကူအ်ဦးညွှတ်ခြင်းနှင့် စဂျ်ဒဟ်ဦးချခြင်းတို့၌ ဤဒိုအာ «سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي» ကို များ‌မြောင်စွာ ရွတ်ဖတ် တော်မူလေ့ရှိသည်။ (အဓိပ္ပာယ် : အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ချို့တဲ့ခြင်းဟူသမျှမှ စင်ကြယ်တော်မူ၏။ ထို့ပြင် အရှင်၏ဂုဏ်ကျေးဇူးတော်များဖြင့် အရှင့်အား ချီးမွမ်းပါ၏။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ဤသည် ကျမ်းတော်မြတ်ကို လိုက်နာကျင့်သုံးသည့်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

[صحيح] [متفق عليه]

الشرح

မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်‌တင်ပြခဲ့သည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ်သို့ {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] {အလ္လာဟ်အရှင်မြတ်၏ကူညီမှုနှင့် အောင်နိုင်မှု ရောက်ရှိလာသောအခါ} [အလ်-နဆ်ရ်: ၁] အာယသ် ကျရောက်လာသောအခါ ချက်ချင်းပင် အလ္လာဟ်အရှင်မြတ်၏ (အသင်(တမန်တော်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောမနာပြုခြင်းနှင့်တကွ စင်ကြယ်သန့်ရှင်းတော်မူကြောင်း ရွတ်ဆိုပါ။ ထို့ပြင် အသင်သည် အရှင်မြတ်ထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံပါ။) ဟူသော် အမိန့်တော်ကို လိုက်နာဆောင်ရွက်တော်မူခဲ့သည်။ သို့ဖြစ်ရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆွလာသ်ဝတ်ပြုမှုအတွင်း ရူကုအ်ဦးညွှတ်ခြင်းနှင့် စဂျ်ဒါဟ်ဦးချခြင်းတို့၌ ‌ဤဒုအာ “سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمدِكَ، اللَّهُمَّ اغْفِرْ لِي” ကို များမြောင်စွာ ရွတ်ဖတ်လေ့ရှိသည်။ «سبحانك» ဆိုသည်မှာ "အရှင်မြတ်သည် အရှင့်ဂုဏ်တော်နှင့် မလျော်ညီသော ချို့တဲ့မှုဟူသမျှမှ သန့်ရှင်းစင်ကြယ်တော်မူကြောင်း ကျွန်တော်မျိုးမြွက်ဟပြောဆိုပါ၏" «اللهم ربنا وبحمدك» ဆိုသည်မှာ "အို အလ္လာဟ်အရှင်မြတ် အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင့်အတွက် အကောင်းဆုံးသော ချီးမွမ်းခြင်းနှင့် ဂုဏ်ပြုခြင်းသည် သင့်လျော်ပါ၏။ အဘယ်ကြောင့်ဆိုသော် အရှင့်ဇာတိတော်၊ အရှင့်ဂုဏ်တော်များနှင့် အရှင့်လုပ်ဆောင်ချက်အားလုံးသည် အမြင့်ဆုံးသော ပြီးပြည့်စုံမှုအဆင့်တွင် ရှိတော်မူသောကြောင့်ဖြစ်သည်" «اللهم اغفر لي» ဆိုသည်မှာ "အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များကို ပယ်ဖျက်ပေးတော်မူပါ။ ယင်းအပြစ်များကို ခွင့်လွှတ်တော်မူပါ" ဟု အဓိပ္ပာယ်ရသည်။

فوائد الحديث

၁။ ရူကူအ်နှင့် စဂျ်ဒဟ်တို့တွင် ဤဒိုအာကို များမြောင်စွာ ရွတ်ဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။

၂။ ဘဝနိဂုံးပိုင်းတွင် အစ်သစ်ဂ်ဖာရ် ပြုလုပ်ရခြင်း၏ လျှို့ဝှက်ချက်မှာ ဝတ်ပြုကိုးကွယ်မှုများ (အထူးသဖြင့် ဆွလာသ်ဝတ်ပြုမှု) ကိုလည်း အစ်သစ်ဂ်ဖာရ် (အပြစ်များမှ လွှတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်း) ဖြင့် နိဂုံးချုပ်သင့်‌ကြောင်း သတိပေးထားခြင်း ဖြစ်သည်။ ယင်းသို့ဖြင့် ဝတ်ပြုကိုးကွယ်မှုအတွင်း ဖြစ်ပေါ်လာသော ချို့တဲ့မှုများကို ဖြည့်စွက်နိုင်မည်ဖြစ်သည်။

၃။ ဒိုအာလက်ခံခြင်းခံရရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ချဉ်းကပ်ရန် အကောင်းဆုံးနည်းလမ်းမှာ အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်း၊ အရှင်မြတ်အား သန့်ရှင်းစင်ကြယ်ကြောင်း မြွက်ဆိုခြင်းနှင့် အရှင်မြတ်သည် ချို့တဲ့မှုဟူသမျှမှ သန့်ရှင်းစင်ကြယ်ကြောင်းတို့ကို ထုတ်‌ဖော်ပြောဆိုခြင်းတို့ ဖြစ်သည်။

၄။ အစ်သစ်ဂ်ဖာရ်(အပြစ်များမှ လွှတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်း)၏ အကျိုးကျေးဇူးနှင့် အခြေအနေတိုင်း၌ မဂ်ဖိရသ်လွှတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံခြင်း။

၅။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်ပီသမှုနှင့် အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာဆောင်ရွက်ရာတွင် အထွတ်အထိပ်အဆင့်တွင် ရှိခဲ့ခြင်း။

التصنيفات

ဆွလာသ်နှင့်သက်ဆိုင်သော ဇိက်ရ်တော်များ။