“အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျီဟာဒ်) ၌ တစ်ရက်တာ ကင်းစောင့်ခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက်…

“အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျီဟာဒ်) ၌ တစ်ရက်တာ ကင်းစောင့်ခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏

စဟ်လ် ဗင်န် စအ်ဒ် အတ်စ်စာအိဒီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ “အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျီဟာဒ်) ၌ တစ်ရက်တာ ကင်းစောင့်ခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။ ဂျန္နသ်သုခဘုံ၌ အသင်တို့တစ်ဦးတစ်ယောက်၏ ကြာပွတ်တစ်‌ချောင်းစာနေရာသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။ လူတစ်ဦးသည် ညနေခင်း သို့မဟုတ် မနက်ခင်းအချိန်တွင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ထွက်ခွာသွားခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။"

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အလ္လာဟ်အရှင်မြတ်နှစ်သက်ရန်အတွက် သီးသန့် ရည်စူး၍ မွတ်စ်လင်မ်များနှင့် ကာဖိရ်များကြား နယ်စပ်ဒေသတွင် မွတ်စ်လင်မ်များကို ကာဖိရ်များထံမှ ကာကွယ်ရန်အတွက် တစ်ရက်တာ တပ်စွဲနေထိုင်ခြင်း (ကင်း‌စောင့်ခြင်း)သည် ဤလောကနှင့် ၎င်းတွင်ရှိသမျှအရာအားလုံးထက် ပို၍ကောင်းကြောင်း၊ အလ္လာဟ်အရှင်၏ လမ်းတော် (ဂျီဟာဒ်)တွင် အသုံးပြုသည့် ကြာပွတ်တစ်ချောင်းစာ နေရာသည် ဂျန္နသ်သုခဘုံတွင် ဤလောကနှင့် ၎င်းတွင်ရှိသမျှအရာအားလုံးထက် ပို၍ကောင်းကြောင်း၊ ထို့ပြင် မနက်ခင်းအစမှ ဇုဟုရ်စတင်ဝင်‌ ရောက်ချိန်အထိ သို့မဟုတ် နေ့လယ်မှ ညအထိ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ တစ်ကြိမ် ခရီးသွားခြင်း၏ အကျိုးနှင့် ကောင်း မှုသည် ဤလောကနှင့် ၎င်းတွင်ရှိသမျှအရာအားလုံးထက် ပို၍ကောင်း၏။

فوائد الحديث

၁။ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် ကင်းစောင့်ခြင်း (နယ်ခြား၌ စောင့်ကြပ်ခြင်း)၏ မွန်မြတ်မှု။ အကြောင်းမှာ ၎င်းတွင် မိမိအသက်ကို စတေးရခြင်း၊ အလ္လာဟ်အရှင်မြတ်၏ကလိမဟ်တော်ကို မြှင့်တင်ခြင်းနှင့် အရှင်မြတ်၏သာသနာကို ကူညီခြင်းတို့ ပါဝင်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ (နယ်ခြား၌ ကင်းစောင့်ခြင်း၏) တစ်ရက်တည်းသော ကောင်းမှုအကျိုးသည် လောကနှင့် ၎င်းတွင်ရှိသော အရာအားလုံးထက် ပို၍ကောင်းမြတ်ခြင်းဖြစ်သည်။

၂။ နောင်တမလွန်ဘဝနှင့်ယှဥ်လျင် ဒွန်ယာလောကသည် မပြောပြလောက်အောင်ပင် သေးသိမ်လှသည်။ အဘယ် ကြောင့်ဆိုသော် ဂျန္နသ်သုခဘုံ၌ ကြာပွတ်တစ်‌ချောင်းစာနေရာသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။

၃။ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်ပြုခြင်း (ဂျိဟာဒ်)၏ မွန်မြတ်မှုနှင့် ယင်း၏ကြီးမားသော ကောင်းမှုအကျိုး (ကို ဖော်ပြထားသည်။) အဘယ်ကြောင့်ဆိုသော် ညနေခင်း သို့မဟုတ် မနက်ခင်းအချိန်တွင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ တစ်ကြိမ်ထွက်ခွာသွားခြင်း၏ အကျိုးသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။

၄။ "في سبيل الله" (အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင်) ဟူသော စကားသည် အိခ်လာစ် (စိတ်ရင်းဖြူစင်မှု) ၏ အရေးပါမှုကို ညွှန်ပြပြီး အဆိုပါကောင်းမှုအကျိုးသည် ယင်းစိတ်ရင်းဖြူစင်မှုအပေါ်တွင် မူတည်ကြောင်း ဖော်ပြထားသည်။

التصنيفات

ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများ၏ ထွတ်မြတ်မှုများ။, ဂျိဟာဒ်၏ ထွတ်မြတ်မှု။