إعدادات العرض
ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံ မေးမြန်းခဲ့သည်။ ကျွန်ုပ်က "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်…
ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံ မေးမြန်းခဲ့သည်။ ကျွန်ုပ်က "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိမိအိမ်သို့ ဝင်သည့်အခါတိုင်း မည်သည့်အရာကို ပထမဆုံး ပြုလုပ်လေ့ရှိပါသနည်း။"လျှောက်ထားမေးမြန်းရာ သခင်မက " မိစ်ဝါးက်တံပူစားခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။
ရှိုရိုင်ဟ် ဗင်န် ဟာနိအ်က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံ မေးမြန်းခဲ့သည်။ ကျွန်ုပ်က "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိမိအိမ်သို့ ဝင်သည့်အခါတိုင်း မည်သည့်အရာကို ပထမဆုံး ပြုလုပ်လေ့ရှိပါသနည်း။"လျှောက်ထားမေးမြန်းရာ သခင်မက " မိစ်ဝါးက်တံပူစားခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල Hausa Kurdî Kiswahili Português Nederlands Tiếng Việt অসমীয়া ગુજરાતી پښتو മലയാളം नेपाली ქართული Magyar తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ ភាសាខ្មែរ Wolof ಕನ್ನಡ Yorùbá Српски Malagasy Lietuvių Kinyarwanda Shqip தமிழ் Oromooالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အလေ့အထမှာ အိမ်သို့ဝင်ရောက်ပြီးနောက် ပထမဆုံးအဖြစ် မိစ်ဝါးက်တံပူစားခြင်းပင်ဖြစ်သည်။ အချိန်ကာလမရွေး၊ ညဖြစ်စေ၊ နေ့ဖြစ်စေ။فوائد الحديث
မိစ်ဝါးက်တံပူစားခြင်းသည် အချိန်တိုင်းတွင် မွတ်စ်သဟဗ်ဖြစ်သော်လည်း အချို့အချိန်များတွင် ပိုမိုအလေးထား ပြုလုပ်ရန်လမ်းညွှန်ထားပါသည်။ ၎င်းတို့မှာ - အိမ်သို့ဝင်ချိန်၊ ဆွလာသ်ဝတ်ပြုချိန်၊ ဝူဿွူပြုလုပ်ချိန်၊ အိပ်ရာမှနိုးချိန်နှင့် ပါးစပ်ခံတွင်းနံ့ပြောင်းလဲသွားချိန်များဖြစ်သည်။
သာဗီအီးန်ကြီးများသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လမ်းစဉ်ကို လိုက်နာနိုင်ရန်အတွက် တမန်တော်မြတ်၏ အလေ့အထများနှင့် စွန္နသ်တော်များကို သိရှိလိုစိတ်ပြင်းပြခဲ့ကြောင်း ဖော်ပြထားခြင်း။
ပညာရှင်များနှင့် ပိုမိုနားလည်တတ်ကျွမ်းသူများထံမှ ပညာကို ဆည်းပူရယူခြင်း။ ဤတွင် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အိမ်သို့ဝင်ရောက်ချိန်၌ အခြေအနေမည်သို့ရှိခဲ့သည်ကို မေးမြန်းခဲ့ကြောင်းတွေ့ရသည်။
သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ အိမ်သူအိမ်သားများနှင့် ကောင်းမွန်စွာဆက်ဆံခြင်း။ အကြောင်းမှာ ကိုယ်တော်သည် မိမိအိမ်သို့ဝင်သည့်အခါတိုင်း ခံတွင်းသန့်ရှင်းခြင်းကို ပြုလုပ်လေ့ရှိခဲ့
التصنيفات
အမူအကျင့်ဆိုင်ရာ စွန္နသ်တော်များ။