إعدادات العرض
အသင်တို့အနက်တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ…
အသင်တို့အနက်တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုကြလေနှင့်။
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "အသင်တို့အနက်တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုကြလေနှင့်။"
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Kiswahili Português தமிழ் Nederlands অসমীয়া ગુજરાતી پښتو മലയാളം नेपाली ქართული Magyar తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolof ភាសាខ្មែរ ಕನ್ನಡ Yorùbá Српски Malagasy Kinyarwanda Shqip Oromooالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးအား အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုရန် တိုက်တွန်းနှိုးဆော်ထားသည်။ သေချိန်တွင် မျှော်လင့်ချက်ကသာ လွှမ်းမိုးသင့်ပြီး၊ စိတ်နှလုံးထဲတွင် အလ္လာဟ်အရှင်မြတ်သည် သူ့အား ကရုဏာပြုမည်၊ လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟူသော စိတ်ခံယူချက် ရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် လက်တွေ့တွင် အပြစ်ကြောင့်ကြောက်ရွံ့မှု သည် ကောင်းသောလုပ်ရပ်များ ဆောင်ရွက်ရန်အတွက် လိုအပ်ပြီး၊ ထိုအချိန်(ကွယ်လွန်သေဆုံးချိန်) သည် ကောင်းသောလုပ်ရပ်များ ဆောင်ရွက်ရန် အချိန်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်တွင် မျှော်လင့်ချက်ကသာ လွှမ်းမိုးသင့်သည်။فوائد الحديث
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိမိအွမ္မသ်သားများအပေါ် စိတ်အားထက်သန်မှု၊ ပြုစုပျိုးထောင်မှုနှင့် အခြေအနေအားလုံးတွင် ကရုဏာသက်ဝင်မှု၊ မိမိနာမကျန်းဖြစ်ချိန်တွင်ပင် အသိုင်းအဝိုင်းအား ဆုံးမဩဝါဒပေးခြင်း၊ ကယ်တင်ခြင်းလမ်းစဉ်များသို့ လမ်းညွှန်ပြသခြင်း။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိအမျိုးသားတို့အား လမ်းညွှန်ရန် အလွန်အမင်း စိတ်အားထက်သန်တော်မူပြီး၊ မည်သည့်အခြေအနေတွင်မဆို ၎င်းတို့အပေါ် အလွန်တရာ ကရုဏာထားတော်မူသည်။ မိမိ၏နာမကျန်းဖြစ်ပြီး ကွယ်လွန်တော်မူခါနီးအချိန်တွင်ပင် မိမိ၏ အွမ္မသ်သားများအား ဆုံးမအကြံပေးကာ လွှတ်မြောက်ရေးလမ်းစဉ်များကို ညွှန်ပြတော်မူခဲ့သည်။
အိမာမ်သွီဗီက ဤသို့ဆိုသည်- သင်တို့၏ အမလ်ကျင့်ဆောင်မှုများကို ယခုပင် ကောင်းမွန်အောင် ပြုလုပ်ထားကြလော့၊ သို့မှသာ ကွယ်လွန်သေဆုံးချိန်တွင် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်းထား ရှိနိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မကွယ်လွန်မီ မိမိ၏လုပ်ရပ်များ ပျက်စီးယိုယွင်းနေသူတစ်ဦးသည် ကွယ်လွန်သေဆုံးချိန်တွင် (အလ္လာဟ်အရှင်မြတ်အပေါ် ) အထင်အမြင်ပျက်စီးယိုယွင်းတတ်သောကြောင့် ဖြစ်သည်။
ဗန္ဒဟ်ကျေးကျွန်တစ်ဦးအတွက် ပြီးပြည့်စုံဆုံးအခြေအနေမှာ မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှုနှစ်ခုလုံးကို ဟန်ချက်ညီညီထားရှိခြင်းနှင့် ချစ်ခြင်းမေတ္တာကသာ လွှမ်းမိုးခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ယာဉ်ဖြစ်၏၊ မျှော်လင့်ချက်သည် စီးနင်းသူဖြစ်၏၊ ကြောက်ရွံ့မှုသည် ယာဉ်မောင်းဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးဇူးတော်ဖြင့် ခရီးပန်းတိုင်သို့ ရောက်ရှိစေတော်မူ၏။
အသက်ထွက်မည့်အချိန်နီးကပ်လာသော သူတစ်ဦး၏အနားတွင် ရှိသူများအနေဖြင့် ၎င်းအား (အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်အား) မျှော်လင့်ချက်ထားရှိရန်နှင့် အရှင်မြတ်အား အထင်အမြင်ကောင်းထားရှိရန် အားပေးတိုက်တွန်းသင့်သည်။ ဤဟဒီးဆ်တွင် နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကွယ်လွန်မီ (၃) ရက်အလိုတွင် ထိုသို့မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
