إعدادات العرض
အသင်တို့ ကဒရ်ညမြတ်အား ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ထဲမှ 'မ' ညများ၌ ရှာဖွေကြလော့။
အသင်တို့ ကဒရ်ညမြတ်အား ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ထဲမှ 'မ' ညများ၌ ရှာဖွေကြလော့။
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင်တို့ ကဒရ်ညမြတ်အား ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ထဲမှ 'မ' ညများ၌ ရှာဖွေကြလော့။"
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî සිංහල Kiswahili Tiếng Việt অসমীয়া ગુજરાતી Nederlands മലയാളം Română Magyar ქართული ಕನ್ನಡ Moore Македонски ไทย Українська తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy ភាសាខ្មែរ پښتو Svenska Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကောင်းမှုကုသိုလ်များကို များမြောင်စွာပြုလုပ်ခြင်းဖြင့် ကဒရ်ညမြတ်အားရှာဖွေရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ ကဒရ်ညမြတ်သည် နှစ်စဉ် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ထဲမှ "မ"ညများအနက်မှ တစ်ည၌ ဖြစ်နိုင်ခြေ ပိုများသည်။ ယင်းမှာ (၂၁) ရက်၊ (၂၃) ရက်၊ (၂၅) ရက်၊ (၂၇) ရက်နှင့် (၂၉) ရက် ညများ ဖြစ်ကြသည်။فوائد الحديث
၁။ ကဒရ်ညမြတ်၏ ထွတ်မြတ်မှုနှင့် ယင်းညကို ရှာဖွေရန် တိုက်တွန်းထားခြင်း။
၂။ အလ္လာဟ်အရှင်မြတ်၏ ဉာဏ်တော်နှင့် ကရုဏာတော်အရ ဤညကို ဖုံးကွယ်ထားတော်မူခြင်းမှာ လူသားများသည် ယင်းညကို ရှာဖွေသည့်အနေဖြင့် ဝတ်ပြုကိုးကွယ်မှုတွင် ပြင်းပြစွာ အားထုတ်ကြရန်နှင့် ထိုသို့အားဖြင့် ၎င်းတို့၏ အကျိုးစဝါးဗ်များ ပိုမိုများပြားလာစေရန် ဖြစ်သည်။
၃။ ကဒရ်ညမြတ်သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်တွင် ရှိပြီး၊ ယင်းဆယ်ရက်အတွင်းမှ "မ" ညများတွင် ဖြစ်နိုင်ခြေ အရှိဆုံးဖြစ်သည်။
၄။ ကဒရ်ညမြတ်သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ညထဲမှ တစ်ညဖြစ်သည်။ ထိုည၌ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ် ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးတော်မူခဲ့သည်။ ထို့ပြင် ယင်းညအား ကျက်သရေမင်္ဂလာရှိခြင်း၊ ကြီးကျယ်မြင့်မြတ်ခြင်းနှင့် ထိုည၌ ပြုလုပ်သော ကောင်းမှုကုသိုလ်၏ သက်ရောက်မှုတို့ကြောင့် လပေါင်း (၁၀၀၀) ထက် ပို၍ သာလွန်မြင့်မြတ်သည့် "ည"အဖြစ် သတ်မှတ်တော်မူခဲ့သည်။
၅။ ဤညကို 'လိုင်လသုလ်ကဒ်ရ်' ဟု ခေါ်ဆိုခြင်းမှာ ပထမအချက် - ၎င်း၏ ဂုဏ်သိက္ခာနှင့် မြင့်မြတ်မှုကြောင့် ဖြစ်သည်။ ဥပမာ အာရဗီဘာသာစကားတွင် ( فلان عظيم القدر )ဟု ဆိုကာ "ဤသူသည် ဂုဏ်သိက္ခာကြီးမားသော သူဖြစ်သည်" ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသို့ဖြင့် 'လိုင်းလ်' (ည) ကို ပိုင်ဆိုင်ခြင်းအနေဖြင့် ပေါင်းစပ်ခြင်းသည် ၎င်း၏ ဂုဏ်ရည်တစ်ခုကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဤညသည် ဂုဏ်သိက္ခာနှင့် ရာထူးအဆင့်အတန်း ကြီးမားသော ညဖြစ်သည်။ ဤအချက်ကို ကျမ်းမြတ်ကုရ်အာန်က အောက်ပါအတိုင်း ဖော်ပြထားသည်။
(အဓိပ္ပါယ်) ဧကန်စင်စစ် ငါအရှင်မြတ်သည် ယင်းကျမ်းတော်မြတ်ကုရ်အာန်ကို ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော ည၌ ချပေးတော်မူခဲ့သည်။ (အလ်-ဒုခါန်၊ ၄၄း၃)
ဒုတိယအချက် - 'ကဒ်ရ်' ဆိုသည်မှာ သတ်မှတ်စီမံခြင်း (ပြဌာန်းခြင်း) ဟူသော အနက်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဤသို့ဖြင့် 'လိုင်းလ်' (ည) ကို 'ကဒ်ရ်' သို့ ပေါင်းစပ်ခြင်းသည် နေရာတစ်ခုအား ၎င်းတွင် ပါဝင်သော အရာများသို့ ပေါင်းစပ်ခြင်း အမျိုးအစား ဖြစ်သည်။ ဆိုလိုသည်မှာ ဤညသည် တစ်နှစ်တာအတွင်း ဖြစ်ပျက်မည့် အရေးကိစ္စအားလုံးကို သတ်မှတ်စီမံဆုံးဖြတ်ပေးသော ညဖြစ်သည်။ ဤအချက်ကို ကျမ်းမြတ်ကုရ်အာန်က အောက်ပါအတိုင်း ဖော်ပြထားသည်။
(အဓိပ္ပါယ်) ထိုညဝယ် ဉာဏ်ပညာနှင့် ပြည့်စုံသော အမိန့်တော်အရေးကိစ္စအပေါင်းတို့ကို ခွဲခြားဖော်ပြထားတော်မူ၏။ (အလ်-ဒုခါန်၊ ၄၄း၄)
التصنيفات
ရမဿွာန်လမြတ်၏နောက်ဆုံးဆယ်ရက်။