ဖိသ်နဟ်စမ်းသပ်မှုများဖြစ်ပေါ်လာချိန်၌ အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းသည် ငါကိုယ်တော်မြတ်ထံသို့…

ဖိသ်နဟ်စမ်းသပ်မှုများဖြစ်ပေါ်လာချိန်၌ အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းသည် ငါကိုယ်တော်မြတ်ထံသို့ ဟိဂ်ျရသ်ရွှေ့ပြောင်းခြင်းနှင့်တူ၏"။

မအ်ကလ် ဗင်န် ယစားရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလာမ်) မိန့်ကြားတော်မူသည်။ "ဖိသ်နဟ်စမ်းသပ်မှုများဖြစ်ပေါ်လာချိန်၌ အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းသည် ငါကိုယ်တော်မြတ်ထံသို့ ဟိဂ်ျရသ်ရွှေ့ပြောင်းခြင်းနှင့်တူ၏"။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဖိသ်နဟ်စမ်းသပ်မှုများဖြစ်ပေါ်လာချိန်၊ သွေးထွက်သံယိုမှုများနှင့် လူတို့၏ကိစ္စများ ရှုပ်ထွေးနေချိန်တွင် အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းနှင့် ၎င်းကို ဆုပ်ကိုင်ထားရန် လမ်းညွှန်တော်မူခဲ့သည်။ ထို့ပြင် ၎င်း၏ကုသိုလ်အကျိုးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ရွှေ့ပြောင်းခြင်းနှင့် တူညီသည်ဟု မိန့်ကြားထားသည်။ အကြောင်းမှာ ထိုအချိန်တွင် လူတို့သည် အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းမှ မေ့လျော့သွားကြပြီး တခြားအရာများတွင် အလုပ်ရှုပ်(မွေ့လျော)နေကြကာ လူအနည်းငယ်သာ ၎င်းအတွက် အချိန်ပေးနိုင်ကြသော‌ ကြောင့် ဖြစ်သည်။

فوائد الحديث

ဖိသ်နဟ်စမ်းသပ်မှုများဖြစ်ပေါ်လာချိန်၌ အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်ထံ ဦးလှည့်ခြင်းအား တိုက်တွန်းခြင်းသည် ဖိသ်နဟ်စမ်းသပ်မှုများမှ ခိုလှုံရန်နှင့် ဖောက်

ပြန်ပျက်စီးမှုမှ ကာကွယ်ရန်ဖြစ်သည်။

ဖိသ်နဟ်စမ်းသပ်မှုများနှင့် (အရှင်မြတ်အား သတိရတသခြင်းမှ) မေ့လျော့နေချိန်များတွင် အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်း၏ အကျိုး

ကျေးဇူးကို ရှင်း

လင်းဖော်ပြထားခြင်း။

မွတ်စ်လင်မ်တစ်ဦးသည် ဖိသ်နဟ်စမ်းသပ်မှုများနှင့် (အရှင်မြတ်အား သတိရတသခြင်းမှ) မေ့လျော့စေသည့်နေရာများမှ ရှောင်ခွာသင့်သည်။

التصنيفات

ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများ၏ ထွတ်မြတ်မှုများ။