إعدادات العرض
အို- အာအိရှာဟ် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်နူးညံ့သိမ်မွေ့တော်မူသော အရှင်ဖြစ်တော်မူ၍…
အို- အာအိရှာဟ် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်နူးညံ့သိမ်မွေ့တော်မူသော အရှင်ဖြစ်တော်မူ၍ နူးညံ့သိမ့်မွေ့မှုကို နှစ်သက်တော်မူသည်။ နူးညံ့သိမ်မွေ့မှုအပေါ်ချီးမြှင့်ထားသည့် အကျိုးကုသိုလ်အား ခက်ထန်ကြမ်းတမ်းမှုနှင့် အခြားမည်သည့်အရာအတွက်မျှ ထိုကဲ့သို့ချီးမြှင့်ထားခြင်မျိုး မရှိပေ။
တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ဇနီးကြင်ယာတော်၊ မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူခဲ့သည်မှာ - အို- အာအိရှာဟ် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်နူးညံ့သိမ်မွေ့တော်မူသော အရှင်ဖြစ်တော်မူ၍ နူးညံ့သိမ့်မွေ့မှုကို နှစ်သက်တော်မူသည်။ နူးညံ့သိမ်မွေ့မှုအပေါ်ချီးမြှင့်ထားသည့် အကျိုးကုသိုလ်အား ခက်ထန်ကြမ်းတမ်းမှုနှင့် အခြားမည်သည့်အရာအတွက်မျှ ထိုကဲ့သို့ချီးမြှင့်ထားခြင်မျိုး မရှိပေ။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî தமிழ் Magyar ქართული Kiswahili Română অসমীয়া ไทย Português मराठी دری አማርኛ ភាសាខ្មែរ Nederlands Македонски ગુજરાતી ਪੰਜਾਬੀ മലയാളം ಕನ್ನಡ తెలుగుالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မုအ်မင်န်တို့၏ မိခင်မွန်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) သခင်မအား နူးညံ့သိမ်မွေ့စွာဆက်ဆံရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျွန်များအပေါ် အလွန်သိမ်မွေ့နူးညံ့တော်မူ၍ သူတို့အတွက် လွယ်ကူချောင်ချိမှုကို လိုလားတော်မူပြီး ခက်ခဲမှုကို လိုလားတော်မမူပေ။ သူတို့ တတ်စွမ်းနိုင်သည်ထက် ပို၍ တာဝန်ပေးအပ်တော်မမူပေ။ ထို့ပြင် မိမိ၏ ဗန္ဒဟ်ကျေးကျွန်သည် နူးညံ့သိမ်မွေ့မှု၊ လွယ်ကူချောင်ချိသောနည်းလမ်းကို ကိုင်တွယ်လိုက်နာမှုတို့နှင့် ပြည့်စုံစေလိုတော်မူ၍ ကြမ်းတမ်းခက်ထန်သူ မဖြစ်စေလိုပါ။ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝ၌ နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုအပေါ် ချီးမွမ်းခြင်း၊ လိုရာဆန္ဒများပြည့်ဝခြင်းနှင့် ရည်မှန်းချက်များတွင် လွယ်ကူမှုကဲ့သို့သော ကောင်းချီးများကို ချီးမြှင့်ပေးတော်မူသည်။ နောင်တမလွန်ဘဝတွင်လည်း အရှင်မြတ်သည် ထိုသို့သောသူအား ကြီးမားသောအကျိုးဆုလာဘ်ကို ချီးမြှင့်တော်မူမည်ဖြစ်ပြီး ထိုသို့သောဆုလာဘ်ကို ခက်ထန်ကြမ်းတမ်းမှုပေါ် ချီးမြှင့်တော်မူခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် နူးညံ့သိမ်မွေ့မှုဖြင့် ရရှိသောအကျိုးကျေးဇူးများကို အခြားသောအရာများဖြင့် ရယူ၍မရနိုင်သောကြောင့်ပင် ဖြစ်သည်။فوائد الحديث
နူးညံ့သိမ်မွေ့စွာဆက်ဆံရန် တိုက်တွန်းထားခြင်းနှင့် ခက်ထန်ကြမ်းတမ်းမှုမှ တားမြစ်ထားခြင်း။
ကောင်းမြတ်သော အကျင့်စာရိတ္တများတွင် နူးညံ့သိမ်မွေ့စွာဆက်ဆံခြင်း၏ အဆင့်အတန်းမြင့်မှားမှု။
နူးညံ့သိမ်မွေ့စွာဆက်ဆံသူသည် ချီးမွမ်းခြင်းနှင့် အလ္လာဟ်အရှင်မြတ်ထံမှ ရရှိမည့် ကြီးကျယ်သော အကျိုးဆုလာဘ်ဖြင့် ထိုက်တန်သည်။
အိမာမ်ဆင်န်ဒီက ဤသို့ ဖွင့်ဆိုခဲ့သည် - ကြမ်းတမ်းမှုသည် သိမ်မွေ့နူးညံ့မှု၏ ဆန့်ကျင်ဘက်ဖြစ်သည်။ လူများအား သိမ်မွေ့နူးညံ့စွာ လမ်းညွှန်သူသည် ကြမ်းတမ်းစွာ လမ်းညွှန်သူထက် သာလွန်ကောင်းမြတ်ပါသည်။ ဤသည် ( လမ်းညွှန်ခံရသူ၏ )အခြေအနေက နည်းလုံးနှစ်ခုလုံးကို လက်ခံနိုင်သည့်အခါမျိုးတွင်ဖြစ်သည်။ သို့မဟုတ်ပါက သူလက်ခံနိုင်သော နည်းလမ်းကိုသာ အသုံးပြုရပါမည်။ စင်စစ် အခြေအနေအမှန်ကို အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်တော်မူပါသည်။
التصنيفات
ကောင်းမြတ်သည့် ကိုယ်ကျင့်တရား။