إعدادات العرض
- "မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဇနီးသည်များအနားတွင် အမျိုးသမီးအများအပြားသည် ၎င်းတို့၏…
- "မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဇနီးသည်များအနားတွင် အမျိုးသမီးအများအပြားသည် ၎င်းတို့၏ လင်ယောက်ကျားများအကြောင်း တိုင်ကြားလျှောက်ထားရန် ဝိုင်းရံလာခဲ့ကြသည်။ ထိုကဲ့သို့ (ဇနီးများကို ရိုက်နှက်သော) သူတို့သည် အသင်တို့ထဲတွင် အကောင်းဆုံးသူများ မဟုတ်ကြပေ။
အိယားစ် ဗင်န် အဗ်ဒုလ္လာဟ် ဗင်န် အဘူဇုဗာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်;ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ ကျွန်မများ (အမျိုးသမီး) တို့အား အသင်တို့ရိုက်နှက်ခြင်း မပြုကြနှင့်။ ထို့နောက် အုမရ်(ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ ရောက်လာပြီး " အမျိုးသမီးတို့သည် ၎င်းတို့၏ လင်ယောက်ကျားများအပေါ် အတင့်ရဲ ( ရိုင်းပြ ) လာကြပါသည်" ဟု လျှောက်ထားခဲ့သည်။ ထို့ကြောင့် တမန်တော်မြတ်သည် ထိုအမျိုးသမီးများအား (အလွန်အမင်းမဟုတ်သည့်ပုံစံဖြင့်) ရိုက်နှက်ခွင့် ပြုခဲ့သည်။ ထိုအခါ တမန်တော်မြတ်၏ ဇနီးသည်များထံတွင် အမျိုးသမီးအများအပြား သည် ၎င်းတို့၏ လင်ယောက်ကျားများအကြောင်း တိုင်ကြားလျှောက်ထားရန် ဝိုင်းရံလာခဲ့ကြသည်။ ထိုအခါ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- "မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဇနီးသည်များအနားတွင် အမျိုးသမီးအများအပြားသည် ၎င်းတို့၏ လင်ယောက်ကျားများအကြောင်း တိုင်ကြားလျှောက်ထားရန် ဝိုင်းရံလာခဲ့ကြသည်။ ထိုကဲ့သို့ (ဇနီးများကို ရိုက်နှက်သော) သူတို့သည် အသင်တို့ထဲတွင် အကောင်းဆုံးသူများ မဟုတ်ကြပေ။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Tiếng Việt Magyar ქართული Kiswahili සිංහල Română অসমীয়া ไทย Hausa Português मराठी دری አማርኛ ភាសាខ្មែរ Nederlands Македонски ગુજરાતી ਪੰਜਾਬੀ മലയാളം ಕನ್ನಡ తెలుగుالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဇနီးမယားများကို ရိုက်နှက်ခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထို့နောက် အမီရုလ်မုအ်မင်နီးန် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) လာရောက်၍- "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အမျိုးသမီးများသည် ၎င်းတို့၏ ခင်ပွန်းသည်များအပေါ် အတင့်ရဲ( ရိုင်းပြ ) လာကြပြီး ၎င်းတို့၏ အကျင့်အမူများသည် ယိုယွင်းပျက်စီးလာပါသည်" ဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ခင်ပွန်းသည်၏ အခွင့်အရေးကို ငြင်းဆန်ခြင်း၊ အမိန့်ဖီဆန်ခြင်း စသည့်အကြောင်း ရင်းများရှိပါက မနာကျင်စေသောပုံစံဖြင့် ရိုက်နက်ခြင်းကို ခွင့်ပြုခဲ့သည်။ ထို့နောက် အမျိုးသမီးများသည် တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဇနီးသည်များထံ သူမတို့၏ ခင်ပွန်းများ၏ နာကျင်စေသော ရိုက်နှက်မှုနှင့် ခွင့်ပြုချက်ကို အလွဲသုံးစားလုပ်ခြင်းများကို လာရောက် တိုင်ကြားခဲ့ကြသည်။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်မှာ- "မိမိတို့၏ ဇနီးများကို နာကျင်စေသော ရိုက်နှက်မှုဖြင့် ရိုက်နက်အပြစ်ပေးသော ယောက်ျားများသည် အသင်တို့အနက် အကောင်းဆုံးသူများ မဟုတ်ကြပေ။"فوائد الحديث
အမျိုးသမီးများအား ကောင်းမွန်စွာဆက်ဆံခြင်း၏ အကျိုးကျေးဇူးနှင့် သူမတို့အပေါ် သည်းခံခြင်း၊ သူမတို့၏ အပြုအမူများကို လျစ်လျူရှုခြင်းသည် ရိုက်နှက်ခြင်းထက် သာလွန်ကောင်းမွန်ကြောင်း ဖော်ပြထားခြင်း။
အလ္လာဟ်အရှင်မြတ်သည် (ဇနီးသည်တို့၏) သွေဖည်မှုကို ကုသရန်အဆင့်များအနက် ရိုက်နှက်ခြင်းကို နောက်ဆုံးအဆင့်အဖြစ် ပြဋ္ဌာန်းတော်မူခဲ့သည်။ အရှင်မြတ်မိန့်တော်မူသည်မှာ - "ထို့ပြင် အသင်တို့သည် အကြင် ဇနီးမိန်းမများ၏ သွေဖည်မှုကို စိုးရိမ်ကြလျှင် (ပထမအဆင့် အနေဖြင့်) အသင်တို့သည် သူမတို့ကို ပြုပြင်ဆုံးမကြပါ။ ထို့နောက် (မနာခံကြသေးလျှင် ဒုတိယအဆင့်အနေဖြင့်) အသင်တို့သည် သူမတို့ကို အိပ်ခန်းများထဲတွင် (သီးခြားခွဲအိပ်ပြီး) စွန့်ထားလိုက်ကြပါ။ ထို့နောက်(လည်း မနာခံကြသေးလျှင်) အသင်တို့သည် သူမတို့ကို (မပြင်းထန်သော ရိုက်ခြင်းမျိုးဖြင့်) ရိုက်(ပြီးဆုံးမ)ကြပါ။ ထို့နောက် အကယ်၍ သူမတို့သည် အသင်တို့၏ အမိန့်ကို နာခံကြပြီ ဆိုလျှင် အသင်တို့သည် သူမတို့နှင့် ဆန့်ကျင်ပြီး မည်သည့် နည်းလမ်းကိုမျှ မရှာကြတော့နှင့်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် အလွန်မြင့်မား ထွတ်မြတ်လှတော်မူသော အရှင်၊ အလွန် ကြီးကျယ်ထူးကဲမြင့်မြတ်တော်မူသောအရှင်
ဖြစ်တော်မူသည်။ (စူရဟ် နိစာအ် ၄:၃၄) ဤအဆင့်သုံးဆင့်သည် တစ်ပြိုင်နက်တည်းကျင့်သုံးရန် မဟုတ်ဘဲ အစဉ်အတိုင်း အဆင့်ဆင့် ဆောင်ရွက်ရမည်။ ပထမဦးစွာ ဆုံးမခြင်း၊ ပြုပြင်ပေးခြင်း၊သတိပေးခြင်းတို့ဖြင့် စတင်ရမည်။ အကယ်၍ ထိုနည်းသည် အကျိုးရှိပါက အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ရှိရမည်။ အကယ်၍ အကျိုးမဖြစ်သက်ပါက အိပ်ရာတွင် သီးခြားခွဲအိပ်ခြင်းဖြင့် ဆောင်ရွက်ရမည်။ အကယ်၍ ထိုနည်းလည်း အကျိုးမသက်ရောက်ပါက သူမအား လက်စားချေရန် မဟုတ်ဘဲ သွန်သင်ဆုံးမရန် ရည်ရွယ်သည့်အနေဖြင့် နာကျင်မှုမဖြစ်စေသော ရိုက်နှက်မှုမျိုးဖြင့် ရိုက်နက်ဆုံးမရမည်။
အမျိုးသားတစ်ဦးသည် မိမိ၏ အိမ်ထောင်စုအတွင်း အုပ်ချုပ်သူဖြစ်သည်။ ထို့ကြောင့် ဉာဏ်ပညာနှင့် ကောင်းမွန်သော ဆုံးမစကားများဖြင့် လမ်းညွှန်ပြသကာ ပြုပြင်ပေးရန် ၎င်း၌ တာဝန်ရှိသည်။
ဖသ်ဝါဆုံးဖြတ်
ချက်၏ ရည်ရွယ်
ချက်နှင့် နောက်
ဆက်တွဲ အကျိုး
ဆက်များကို သိရှိနိုင်ရန်အတွက် သာသနာ့ပညာရှင်သည် မိမိ၏ ဖသ်ဝါဆုံးဖြတ်ချက်နှင့်ပတ်သတ်၍ ပြန်လည်ဆန်းစစ်ခွင့်ရှိသည်။
တစ်စုံတစ်ဦးအား နစ်နာမှုဖြစ်စေသည့် အခြေအနေမျိုးတွင် အုပ်ချုပ်သူထံသို့ဖြစ်စေ၊ ပညာရှင်ထံသို့ဖြစ်စေ တိုင်ကြားခြင်းသည် ခွင့်ပြုထားပါသည်။
