ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

6- ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။

7- အသင်တို့၏ နေအိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြနှင့်၊ ငါကိုယ်တော်၏ကဗရ်ကိုလည်း အီးဒ်မပြုလုပ်ကြနှင့် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်မေတ္တာ ပို့သကြလေကုန်၊ ဧကန်မုချ အသင်တို့၏ ဆွလာသ်မေတ္တာ ပို့သမှုသည် အသင်တို့မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ငါကိုယ်တော်ထံ ရောက်ရှိလေသည်။

9- အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။

14- မွတ်စလင်မ်တစ်ဦးအပေါ်တွင် ကျရောက်လာသည့် ပင်ပန်းမှုဝေဒနာဖြစ်စေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းနာကျင်မှုဖြစ်စေ၊ (ဖြစ်လာမည့် ကိစ္စရပ်ကိုကြိုတွေးပြီး) ပူပန်မှုဖြစ်စေ၊ (ဖြစ်ပြီးသွားသော ကိစ္စရပ်အပေါ်) ပူဆွေးမှုဖြစ်စေ၊ အန္တရာယ်တစ်ခုခုဖြစ်စေ၊ (ဖြစ်နေသည့် ကိစ္စရပ်အပေါ်တွေးပြီး) စိုးရိမ်မှုသောကဖြစ်စေ၊ နောက်ဆုံး အဆူးစူးသည်ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် ယင်းအရာများကို အကြောင်းပြု၍ ထိုသူ၏ အပြစ်များကို ပြေပျောက်စေတော်မူသည်။

16- မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။

18- ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။

27- အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အားကိုးထိုက်သည့်အတိုင်း ယုံပုံအားကိုးမည်ဆိုလျှင် နံနက်ခင်းတွင် ဝမ်းဗိုက် ဟောင်းလောင်းဖြင့် ထွက်သွားကြပြီး ညနေတွင် ဝမ်းဗိုက်ပြည့်လျက် ပြန်လာကြသည့် ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာချီးမြှင့်သကဲ့သို့ သင်တို့အား ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။

31- အတင်းပြောခြင်းသည် အဘယ်အရာကို ခေါ်ဆိုကြောင်း အသင်တို့သိကြပါသလော။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင့်ညီနောင်နှင့်ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကို ပြောဆိုခြင်းပင်ဖြစ်သည်။

49- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။

57- အကြင်သူသည် ဤဇိက်ရ်တော်- لَا إلٰهَ إلَّا اللّٰهُ وَحْدَهُ لَا شَرِيْكَ لَهُ،لَهُ الْمُلْكُ،وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ (တုဖက်နှိုင်းယှဉ်ခြင်းကင်း၍ တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ထိုက်သော အရှင်ဟူ၍ အလျဉ်းမရှိပြီ။ စိုးပိုင်ခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာ ဖြစ်တော်မူ၏။ ချီးမွမ်းထောမနာခြင်း ဟူသမျှသည် ထိုအရှင်မြတ် အဖို့သာဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင် နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။) ကို ဆယ်ကြိမ်ရွတ်ဖတ်လျှင်

69- မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “أَعُوْذُ بِكَلِمَاتِ اللّٰهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။

71- “စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ် ဝလာအိလာဟ အိလ္လလ္လာဟ် ဝလ္လာဟုအက္ကဗရ်” (အဓိပ္ပါယ်- အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသည်။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသောအရှင်ဟူ၍ အလျှင်းမရှိ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။) ဟု မြွက်ဆိုရခြင်းကို ငါကိုယ်တော်သည် နေထွက်ပေါ်သည့် အရာဟူသမျှထက် (လောကရှိအရာခပ်သိမ်းထက်)ပို၍ နှစ်သက်တော်မူသည်။

78- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။

81- သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။

82- ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။

84- ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။

87- ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။

93- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က 'ကျွန်ုပ်၏စိတ်ထဲတွင် အသင်တို့အပေါ် စွပ်စွဲလို (သံသယရှိနေ )သောကြောင့် ကျိန်ဆိုစေခြင်းမဟုတ်ပါ။ သို့သော် ဂျီဗ်ရီလ် (အလိုင်ဟိစ်စလာမ်) သည် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီး အလ္လာဟ်အရှင်မြတ်သည် မလာအိကဟ်ကောင်းကင်တမန်များရှေ့တွင် အသင်တို့အပေါ်၌ ဂုဏ်ယူတော်မူကြောင်း ကျွန်ုပ်အား သတင်းပေးခဲ့ခြင်းကြောင့်( ကျိန်ဆိုခိုင်းရခြင်းဖြစ်သည် ) ဟု မိန့်ကြားတော်မူခဲ့သည်။

98- အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။

99- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ညာဘက်လက်ဖြင့် ထိကိုင်ခြင်းမပြုနှင့်။ အိမ်သာတက်သည့်အခါ ညာဘက်လက်ဖြင့် ပွတ်တိုက်ဆေးကြောသန့်စင်ခြင်း မပြုနှင့်။ ရေသောက်သည့်အခါ ရေခွက်ထဲသို့ အသက်ရှုထုတ်ခြင်းမပြုနှင့်။