إعدادات العرض
နူးညံ့သိမ်မွေ့မှုမရှိသူသည် ကောင်းခြင်းဟူသ၍တို့မှလက်မဲ့ဖြစ်သွားပေသည်။
နူးညံ့သိမ်မွေ့မှုမရှိသူသည် ကောင်းခြင်းဟူသ၍တို့မှလက်မဲ့ဖြစ်သွားပေသည်။
ဂျရီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ နူးညံ့သိမ်မွေ့မှုမရှိသူသည် ကောင်းခြင်းဟူသ၍တို့မှလက်မဲ့ဖြစ်သွားပေသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Kurdî Português தமிழ் অসমীয়া Kiswahili ગુજરાતી Nederlands پښتو नेपाली Hausa മലയാളം Svenska Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Magyar Македонски Čeština Kinyarwanda Українська Lietuvių Wolof Azərbaycan Malagasy ไทย मराठी ਪੰਜਾਬੀ Deutsch دری አማርኛ ភាសាខ្មែរ Oromoo Shqipالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အသိပေးမိန့်ကြားထားသည်မှာ နူးညံ့သိမ်မွေ့မှုမရှိ သောသူသည် လောကီ၊ လောကုတ္တရာနှစ်ဌာန၌ဖြစ်စေ၊ မိမိ၏အရေးကိစ္စ၌ဖြစ်စေ၊ အခြားသူများနှင့်ဆက်ဆံသည့်အခါ၌ဖြစ်စေ ကောင်းခြင်းများမရရှိနိုင်သောကြောင့် ကောင်းခြင်းဟူသမျှမှ လက်မဲ့ဖြစ်သွားပေသည်။فوائد الحديث
နူးညံ့သိမ်မွေ့မှု၏မွန်မြတ်မှုကိုတင်ပြထားပြီး နူးညံ့သိမ်မွေ့သောကိုယ်ကျင့်တရားထားရန် တိုက်တွန်းကာ ကြမ်းတမ်းမှုကို ရှုတ်ချထားသည်။
နူညံ့သိမ်မွေ့ခြင်းသည် လောကီ၊ လောကုတ္တရာနှစ်ဌာန၌ကောင်းခြင်းများ၊ ချောင်လည်မှုများ အစဉ်အမြဲရရှိနေမည်ဖြစ်ပြီး ကြမ်းတမ်းခြင်းဖြင့် နှစ်ဘဝစလုံး၌အစဉ်အမြဲအစဉ်အမြဲကြပ်တည်းမှုကို ခံစားရပေမည်။
"နူးညံ့သိမ်မွေ့မှုသည် ကောင်းသောစရိုက်နှင့် စိတ်တည်ငြိမ်မှုရှိခြင်းတို့မှ ပေါ်ထွက်လာပြီး၊ ကြမ်းတမ်းမှုသည် အမျက်ဒေါသနှင့် ကြမ်းကြုတ်မှုတို့မှဖြစ်ပေါ်လာသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် နူးညံ့သိမ်မွေ့မှုရှိခြင်းကို အထူးချီးမွမ်းတော်မူခဲ့သည်။
ဆွဖ်ယာန်ဆောင်ဝ်ရီ (ရဟိမဟွလ္လာဟ်) က မိမိ၏အပေါင်းပါများကို ပြောသည်မှာ အရ်ရိဖ်က် နူးညံ့သိမ့်မွေ့ခြင်းဟူသည် အဘယ်နည်းဆိုသည်ကို အသင်တို့သိပါသလား။ နူးညံ့သိမ်မွေ့ခြင်းဆိုသည်မှာ အရာရာအား သူ့နေရာ၌သူ့ကိုထားခြင်းကိုဆိုသည်။ ပြင်းပြင်းထန်ထန် ပြောဆိုဆက်ဆံခြင်းကိုလည်း သူ့နေ့ရာ၌သူ့ကိုထားခြင်း၊ နူးညံ့စွားပြောဆိုဆက်ဆံခြင်းကိုလည်း သူ့နေရာ၌သူ့ကိုထားခြင်း၊ တုတ် ဓားတို့ကို့လည်းသူ့နေရာနှင့်သူ အသုံးပြုခြင်းတို့ဖြစ်သည်။
التصنيفات
ကောင်းမြတ်သည့် ကိုယ်ကျင့်တရား။