إعدادات العرض
အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။…
အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှာ) ဝေးကွာအောင် မလုပ်ကြနှင့်။
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှ) ဝေးကွာအောင် မလုပ်ကြနှင့်။
الترجمة
عربي বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska cs ગુજરાતી አማርኛ Yorùbá Nederlands Kiswahili தமிழ் دری hu it kn Кыргызча Lietuvių mg ro rw Soomaali नेपालीالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့အပေါ် လွယ်ကူအောင်ပြုပေးခြင်းကို နှစ်သက်တော်မူသည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုအား ရွေးချယ်ခွင့်ရလျှင် အပြစ်မဖြစ်သ၍ ၎င်းတို့နှစ်ခုအနက် လွယ်ကူသည့်အရာကိုသာ ရွေးချယ်တော်မူသည်။ ကိုယ်တော်၏ ဩဝါဒဖြစ်သည့် “အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်” ဆိုသည်မှာ အခြေအနေတိုင်းတွင် ထိုသို့ပြုလုပ်ပေးရန် ဆိုလိုခြင်းဖြစ်သည်။ ကိုယ်တော်မိန့်ကြားသည့် “သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှ) ဝေးကွာအောင် မလုပ်ကြနှင့်” ဟူသည့်သြဝါဒတွင် သတင်းကောင်းဟူသည် ကောင်းမြတ်သည့် အကြောင်းအရာများကို ဆိုလိုပြီး ၎င်းသည် သတင်းဆိုးများ၊ မကောင်းသည့် အကြောင်းအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။فوائد الحديث
မုအ်မင်န်တို့၏ တာဝန်သည် လူတို့အား အလ္လာဟ်အရှင်မြတ်ကို ချစ်မြတ်နိုးလာစေရန်နှင့်ကောင်းမြတ်သည့် ကိစ္စများကို လိုလားမှုရှိလာစေရန် လုပ်ဆောင်ပေးရမည်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်သူ ဒါအီတစ်ဦးသည် လူတို့အား အစ္စလာမ်သာသနာဖက်သို့ ဖိတ်ခေါ်ရာတွင် ဖိတ်ခေါ်မည့်နည်းလမ်းအား အမြော်အမြင်ကြီးစွာစဉ်းစားသင့်သည်။
ဝမ်းမြောက်စရာ သတင်းကောင်းပေးခြင်းသည် ဒါအီဖိတ်ခေါ်သူကိုယ်တိုင်နှင့် လူတို့အား တင်ပြသော ၎င်း၏တရားစကားများတွင် ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှု၊ စိတ်အေးချမ်းမှုတို့ကို မွေးဖွားပေးမည်ဖြစ်သည်။
ခက်ခဲအောင်လုပ်ခြင်းသည် ဒါအီ၏ စကား၌ မနှစ်သက်ခြင်း၊ နောက်ပြန်လှည့်ခြင်းနှင့် သံသယစိတ်စသည်တို့ကို ဖြစ်ပေါ်စေသည်။
ကျွန်များအပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်သည် ကြီးမားလှသည် အရှင်မြတ်သည် ခွင့်လွှတ်ချမ်းသာပေးသည့် သာသနာနှင့် လွယ်ကူသည့် တရားလမ်းစဉ်တို့ကို ၎င်းတို့အတွက် သဘောတူနှစ်သက်တော်မူခဲ့သည်။
التصنيفات
ကောင်းမြတ်သည့် ကိုယ်ကျင့်တရား။