إعدادات العرض
မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “ အအူဇု ဗိကလိမာသိလ်လာဟိသ်သားမ်မားသိ မင်န် ရှရ်ရိ မာခလက်” ကိုရွတ်ဆိုပါက…
မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “ အအူဇု ဗိကလိမာသိလ်လာဟိသ်သားမ်မားသိ မင်န် ရှရ်ရိ မာခလက်” ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။
ခေါင်လဟ် ဗင်န်သိ ဟကီးမ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “ အအူဇု ဗိကလိမာသိလ်လာဟိသ်သားမ်မားသိ မင်န် ရှရ်ရိ မာခလက်” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။
الترجمة
العربية Bosanski English Español فارسی Français اردو 中文 हिन्दी Bahasa Indonesia বাংলা Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் සිංහල Русский ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands ئۇيغۇرچە Türkçe دری Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Wolof Soomaali Moore Українська Български Tagalog Azərbaycanالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိအွမ္မသ်သားများအား လမ်းခရီးတွင်လည်းကောင်း၊ အပန်းဖြေရာတွင်လည်းကောင်း၊ အခြားကိစ္စတစ်စုံတစ်ရာကြောင့်လည်းကောင်း နေရာတစ်ခုတွင် စခန်းချရပ်နားသည့်အခါ လူတို့ကြောက်ရွံ့သော မကောင်းသည့် အရာတိုင်းမှ ကင်းဝေးစေရန်အတွက် အကျိုးရှိသော ခိုလှုံမှုတောင်းခံရန် သင်ကြားပေးတော်မူသည်။ ထိုစခန်းချသည့်နေရာတွင် ရှိနေသမျှကာလပတ်လုံး ဒုက္ခဆိုးကျိုးပေးနိုင်မည့်အရာအားလုံးမှ လုံခြုံမှုရှိစေရန် အတွက် ဒုက္ခဝေဒနာခပ်သိမ်းကို ပျောက်ကင်းချမ်းသာစေတော်မူသော ချို့ယွင်းချက် အားနည်းချက်တို့မှ ကင်းစင်တော်မူပြီး ပြီးပြည့်စုံသည့် အလ္လာဟ်အရှင်မြတ်၏ (ကလာမ်) မုက္ခပါဌ်တော်နှင့် ခိုလှုံခွင့်ရယူရမည်။فوائد الحديث
ခိုလှုံခွင့်တောင်းခံခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။
တရားတော်က ခွင့်ပြုထားသည့် ခိုလှုံခွင့်တောင်းခံခြင်းမှာ အလ္လာဟ်အရှင်မြတ်ဖြင့်လည်းကောင်း၊ အရှင်မြတ်၏ နာမတော် ဂုဏ်တော်များဖြင့်လည်းကောင်း ခိုလှုံမှုရယူခြင်းဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏ (ကလာမ်) မုက္ခပါဌ်တော်သည် အဖန်ဆင်းခံ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ထိုမုက္ခပါဌ်တော်ဖြင့် ခိုလှုံခွင့်တောင်းခံရန် သတ်မှတ်ပြဌာန်းထားသည်။ အဖန်ဆင်းခံဖြင့် ခိုလှုံခွင့်တောင်းခံခြင်းသည် (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုဖြစ်သည့်အတွက် အရှင်မြတ်၏ မုက္ခပါဌ်တော်သည် အဖန်ဆင်းခံ မဟုတ်ကြောင်း ထိုအချက်မှဖော်ပြနေသည်။
ဤဒုအာသည် တိုတောင်းသော်လည်း မွန်မြတ်လှသည်။
အဖန်ဆင်းခံများ၏ နဖူးဆံစ(အရေးကိစ္စ)များသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်သာရှိသည်။
ဤဒုအာ၏ ဗရကသ် (မင်္ဂလာ)ကို တင်ပြထားသည်။
ကုရ်အာန်ကျမ်းမြတ်၏ ပြီးပြည့်စုံမှုကို တင်ပြထားသည်။