إعدادات العرض
ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်
ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်
အဗူမတ်စ်အူးဒ် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်၍ ကျွန်တော်မျိုး၏ အစီးအနင်းမှာ သေဆုံးသွားသဖြင့် ခရီးမသွားနိုင်ပါ သို့ဖြစ်၍ ကျွန်တော်မျိုးအား စီးနင်းစရာ ပေးတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က ငါကိုယ်တော်၌မရှိပါဟု ပြောကြားခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး သူ့ကို စီးနင်းစရာပေးမည့်သူထံ ညွှန်ပြလိုက်ပါမည်ဟု လျှောက်ထားခဲ့သည်။ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ bm Македонски Ελληνικά ភាសាខ្មែរ አማርኛ Italiano Malagasy Oromooالشرح
လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ ကျွန်တော်မျိုး၏ အစီးအနင်းမှာ သေဆုံးသွားပါသည်။ သို့ဖြစ်၍ ကျွန်တော်မျိုးအား အစီးအနင်းတစ်ခုအပေါ် တင်ပေးတော်မူပါ။ ကျွန်တော်မျိုး ခရီးသွားနိုင်ရန် အစီးအနင်းပေးတော်မူပါဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိထံတွင် သူ့အားပေးရန် မည်သည့်အစီးအနင်းမျှမရှိတော့ကြောင်း ပြောကြားတော်မူခဲ့သည်။ ထိုအခါ ထိုနေရာတွင်ရှိနေသူတစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး သူ့ကို စီးနင်းစရာပေးမည့်သူထံ ညွှန်ပြလိုက်ပါမည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းသည် (အစီးအနင်း) လှူဒါန်းမည့်သူနှင့် အတူအကျိုးကုသိုလ်ရလိမ့်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လိုအပ်နေသူတစ်ဦးအား လမ်းညွှန်ပေးခဲ့သည့်အတွက် ဖြစ်သည်။فوائد الحديث
ကောင်းမြတ်သည့်ကိစ္စများကို ညွှန်ကြားပြသရန် တိုက်တွန်းနှိုးဆော်ထားသည်။
ကောင်းမှုကိုဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ခြင်းသည် မွတ်စ်လင်မ်လူ့အဖွဲ့အစည်း စည်းလုံးညီညွတ်မှု၊ ပေါင်းစည်းမှု၏ အကြောင်းခံတစ်ရပ်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည် ကျယ်ဝန်းလှသည်။
ဤဟဒီးဆ်တော်သည် ယေဘူယျစည်းမျဉ်းဖြစ်ပြီး ယင်း၌ ကောင်းမှုအားလုံး အကျုံးဝင်သည်။
အကယ်၍ လူတစ်ဦးသည် မေးမြန်းလာသူ၊ တောင်းဆိုလာသူတစ်ဦး၏ဆန္ဒကို မဖြည့်ဆည်းနိုင်လျှင် သူ့အား အခြားသူတစ်ဦးထံ လမ်းညွှန်ပေးရမည်။
التصنيفات
ကောင်းမြတ်သည့် ကိုယ်ကျင့်တရား။