အသင်တို့(မကောင်း) ထင်မြင်ခြင်းမှ ရှောင်ကြဥ်ကြကုန်။ အဘယ်ကြောင့်ဆိုသော (မကောင်း) ထင်မြင်ခြင်းသည်…

အသင်တို့(မကောင်း) ထင်မြင်ခြင်းမှ ရှောင်ကြဥ်ကြကုန်။ အဘယ်ကြောင့်ဆိုသော (မကောင်း) ထင်မြင်ခြင်းသည် အလိမ်လည်ဆုံးစကားပင်ဖြစ်သည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ အသင်တို့(မကောင်း)ထင်မြင်ခြင်းမှ ရှောင်ကြဥ်ကြကုန်။ အဘယ်ကြောင့်ဆိုသော (မကောင်း)ထင်မြင်ခြင်းသည် အလိမ်လည်ဆုံးစကားပင်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

ဤဟဒီးဆ်တော်တွင် အထောက်ထားပေါ် အခြေမခံသော ထင်မြင်ယူဆချက်များနှင့် လူသားသည် ထင်မြင်ယူဆချက်သက်သက်ကိုသာ အခြေခံ၍ အမိန့်ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ကို ရှောင်ကြဥ်ရန် သတိပေးထားသည်။ အမှန်တကယ်ပင် ဤသည် မကောင်းသောအကျင့်စာရိတ္တဖြစ်ပြီး၊ အလိမ်လည်ဆုံးစကားလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထင်မြင်ယူဆသူတစ်ဦးသည် မခိုင်လုံသော အချက်အပေါ် မှီခို၍ ၎င်းအချက်ကိုပင် အခြေခံအဖြစ်သတ်မှတ်ကာ ထိုအတိုင်း ဆုံးဖြတ်ချက်ချလိုက်သည့်အတွက် ယင်းသည် လိမ်လည်မှုဖြစ်သွားသည့်အပြင် အဆိုးဆုံး မုသားလည်းဖြစ်ပေသည်။

فوائد الحديث

သက်သေ အထောက်ထားပေါ်တွင် အခြေမခံသည့် ထင်မြင်ယူဆချက်မျိုးမှ ရှောင်ကြဥ်ရန် သတိပေးတားမြစ်ထားသည်။

ဆိုးသွမ်းမိုက်မဲသူများ၊ ဒုစရိုက်သမားများကဲ့သို့ မကောင်းသောလက္ခဏာများ ပေါ်လွင်နေသူအား မကောင်းထင်မြင်ခြင်းသည် ဆိုးကျိုးမရှိပါ။

ဟဒီးဆ်တော်၏ တားမြစ်ချက်သည် စိတ်ထဲ၌ အမြဲမပြတ်ဖြစ်ပေါ်နေသော စွပ်စွဲမှုကို ဆိုလိုခြင်းဖြစ်ပြီး စွပ်စွဲမှုသည် စိတ်တွင်း၌ တစ်ခါတစ်ရံမှသာ ပေါ်ပေါက်ခြင်းဖြစ်ပါက အပြစ်မရှိပေ။

التصنيفات

မကောင်းသည့် ကိုယ်ကျင့်တရား။