ကောင်းမှုဟူသမျှသည် ဆွဒကဟ် အလှူဒါနပင်ဖြစ်သည်။

ကောင်းမှုဟူသမျှသည် ဆွဒကဟ် အလှူဒါနပင်ဖြစ်သည်။

ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကောင်းမှုဟူသမျှသည် ဆွဒကဟ် အလှူဒါနပင်ဖြစ်သည်။

[صحيح] [رواه البخاري من حديث جابر، ورواه مسلم من حديث حذيفة]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ စကားနှင့်ဖြစ်စေ၊ လုပ်ရပ်နှင့်ဖြစ်စေ သူတစ်ပါးကို အကျိုးပြုမှုတိုင်းသည် ဆွဒကဟ် အလှူဒါနဖြစ်ပြီး အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။

فوائد الحديث

ဆွဒကဟ် အလှူဒါနဟူသည် လူသားတို့လှူဒါန်းလိုက်သည့် ဥစ္စာပစ္စည်းကိုသာ ခေါ်ဆိုခြင်းမဟုတ်။ အခြားသူများအပေါ် လူသားတို့ပြုလုပ်လိုက်သော ကောင်းမြတ်သည့် လုပ်ရပ်နှင့် အပြောအဆိုတိုင်းသည် ဆွဒကဟ်အလှူဒါနပင်ဖြစ်သည်။

ဟဒီးဆ်တော်၌ ကောင်းမှုကို အစွမ်းကုန်ကြိုးစားပြုလုပ်ရန်နှင့် အခြားသူများအတွက် အကျိုးရှိသောအရာတိုင်းကို ပြုလုပ်ရန် တိုက်တွန်းထားသည်။

နည်းပါးသည်ဖြစ်‌စေ မည်သည့်ကောင်းမှုကုသိုလ်ကိုမျှ အထင်မသေးရပါ။

التصنيفات

ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများ၏ ထွတ်မြတ်မှုများ။