အလ္လာဟ်အရှင်မြတ်ထံ ဒုအာဆုမွန်တောင်းခံခြင်းထက် ပို၍မြင့်မြတ်သောအရာဟူ၍မရှိ။

အလ္လာဟ်အရှင်မြတ်ထံ ဒုအာဆုမွန်တောင်းခံခြင်းထက် ပို၍မြင့်မြတ်သောအရာဟူ၍မရှိ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်ထံ ဒုအာဆုမွန်တောင်းခံခြင်းထက် ပို၍မြင့်မြတ်သောအရာဟူ၍မရှိ။

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] [အိဗ်နုမာဂျဟ်ကျမ်း။ - သိရ်မိဇီကျမ်း။ - အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။]

الشرح

(အလ္လာဟ်အရှင်မြတ်ထံ ဒုအာဆုမွန်တောင်းခံခြင်းထက် ပို၍မြင့်မြတ်သောအရာဟူ၍မရှိ။)အဘယ်ကြောင့်ဆိုသော် ဒုအာသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံများကို အိဗာဒသ်ပြုရန်အတွက်သာ ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ဒုအာဆုတောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းဆောင်နိုင်တော်မူခြင်းနှင့် အရှင်မြတ်၏ ကျယ်ဝန်းလှသောအသိပညာကိုညွှန်ပြပြီး၊ ဒုအာတောင်းခံသူ၏ မတတ်စွမ်းနိုင်မှုနှင့် လိုအပ်ချက်ရှိမှုတို့ကို ညွှန်ပြနေသည်။ ထို့ကြောင့် ဒုအာဆုတောင်းခြင်းသည် အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အမြင့်မြတ်ဆုံး အရာများအနက်မှ တစ်ခုဖြစ်သည်။

فوائد الحديث

ဒုအာဆုတောင်းခြင်း၏ မွန်မြတ်မှုကို တင်ပြထားသည်။ ဒုအာသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အမွန်မြတ်ဆုံးနှင့် အမြင့်မြတ်ဆုံးအရာပင်ဖြစ်သည်။

ဒုအာဆုတောင်းရန် တိုက်တွန်းထားသည်။ ဒုအာတောင်းခံရန် စိတ်အားထက်သန်မှုရှိရမည် အဘယ်ကြောင့်ဆိုသော် ဧကန်အမှန် ဒုအာဆုတောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်ထံတွင် အမြင့်မြတ်ဆုံးအရာပင်ဖြစ်သည်။

التصنيفات

ဆုတောင်းခြင်း၏ ထွတ်မြတ်မှု။