အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိသည်။ ၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ…

အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိသည်။ ၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ သင့်အားဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။၎င်းတို့မှာ စွဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒုလိလ္လာဟ်၊ လာအိလာဟ အိလ္လလ္လာဟ်၊ အလ္လာဟု အက္ကဗရ် ဖြစ်သည်။

စမုရဟ်ဗင်န် ဂျွန်ဒဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိသည်။ ၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ သင့်အားဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။ ၎င်းတို့မှာ စွဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒုလိလ္လာဟ်၊ လာအိလာဟ အိလ္လလ္လာဟ်၊ အလ္လာဟု အက္ကဗရ် ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

ထိုကလိမဟ်တော်လေးခု၏ ထူးကဲမွန်မြတ်မှုကို ဤဟဒီးဆ်တော်တွင် တင်ပြထားသည်။ ထိုကလိမဟ်တော်များသည် လူသားတို့ပြောကြားသည့် စကားတို့အနက် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးစကားများဖြစ်ပြီး ၎င်းတို့၌ အလွန်ကြီးကျယ်သည့် အကြောင်းအရာများပါရှိနေသည်။ ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူခြင်း၊ ပြည့်စုံလှသော ဂုဏ်တော်များဖြင့် အရှင်မြတ်အား ဂုဏ်ပေးချီးမွမ်းခြင်း၊ အရှင်မြတ်တစ်ဆူတည်းသာ ခဝပ်ကိုးကွယ်မှုခံထိုက်ပြီး အကြီးကျယ်ဆုံး ဖြစ်တော်မူကြောင်း သတ်မှတ်ခြင်းစသည်တို့ဖြစ်သည်။ ၎င်းတို့၏ မွန်မြတ်မှုနှင့် အကျိုးကုသိုလ်ကိုရရှိရန်အတွက် ဟဒီးဆ်တော်တွင် လာရှိသည့်အတိုင်းပင် မည်သည့်ကလိမဟ်တော်ဖြင့်စတင်ရမည်ဟူ၍ အစီစဉ်သတ်မှတ်ချက်မရှိပေ။

فوائد الحديث

ချစ်ခင်နှစ်သက်မှုအား ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက် အတည်ပြုတင်ပြထားသည်။ အရှင်မြတ်သည် ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများကို နှစ်သက်တော်မူသည်။

ဤကလိမဟ်တော်လေးခုသည် အခြားအရာများထက် ပို၍မွန်မြတ်ပြီး အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး ကလိမဟ်တော်များလည်း ဖြစ်သည်။

ဤကလိမဟ်တော် လေးခုကို စွဲမြဲစွာရွတ်ဆိုရန် တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တစ်ဦးသည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ် ချစ်မြတ်နိုးကြောင်း သိရှိခဲ့လျှင် ထိုအရာကို စွဲမြဲစွာ ကျင့်သုံးပြီး ထိန်းသိမ်းစောင့်ရှောက်မည်သာဖြစ်သည်။

“၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ သင့်အားဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။” ဟုမိန့်ကြားထားသည့်အတွက် ရရှီအသ် တရားလမ်းစဉ်သည် လူတို့အပေါ်တွင် လွယ်ကူအောင်ပြုပေးထားကြောင်းသိရှိရသည်။

التصنيفات

အမြဲတမ်းရွတ်ဖတ်နိုင်သည့် ဇိက်ရ်တော်များ။