အမြဲတမ်းရွတ်ဖတ်နိုင်သည့် ဇိက်ရ်တော်များ။

အမြဲတမ်းရွတ်ဖတ်နိုင်သည့် ဇိက်ရ်တော်များ။

4- “စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ် ဝလာအိလာဟ အိလ္လလ္လာဟ် ဝလ္လာဟုအက္ကဗရ်” (အဓိပ္ပါယ်- အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသည်။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသောအရှင်ဟူ၍ အလျှင်းမရှိ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။) ဟု မြွက်ဆိုရခြင်းကို ငါကိုယ်တော်သည် နေထွက်ပေါ်သည့် အရာဟူသမျှထက် (လောကရှိအရာခပ်သိမ်းထက်)ပို၍ နှစ်သက်တော်မူသည်။

5- မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုတွင် ထိုင်ကြပြီး၊ ထိုထိုင်ဝိုင်း၌ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းလည်းမပြု၊ မိမိတို့၏ နဗီတမန်တော်မြတ်အပေါ် ဆွလာသ်ပို့သခြင်းလည်း မပြုကြဘူးဆိုရင်၊ ထိုထိုင်ဝိုင်းသည် ၎င်းတို့အတွက် ဆုံးရှုံးမှုကို ဖြစ်စေတဲ့အရာ ဖြစ်လိမ့်မယ်။ အကယ်၍ (အလ္လာဟ်အရှင်မြတ်က) အလိုရှိတော်မူလျှင် သူတို့ကို အပြစ်ဒဏ်ပေးတော်မူမည်။ အကယ်၍ အလိုရှိတော်မူလျှင်လည်း ခွင့်လွှတ်တော်မူမည်။