ကျွန်ုပ်တို့သည် ဟန်ဆောင်မှုပြုခြင်းမှ တားမြစ်ခြင်းခံရသည်။

ကျွန်ုပ်တို့သည် ဟန်ဆောင်မှုပြုခြင်းမှ တားမြစ်ခြင်းခံရသည်။

အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။ ကျွန်ုပ်တို့သည် ဟန်ဆောင်မှုပြုခြင်းမှ တားမြစ်ခြင်းခံရသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်း။]

الشرح

အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိတို့အား စကားဖြစ်စေ၊ လုပ်ရပ်ဖြစ်စေ မလိုအပ်ဘဲ ခက်ခဲအောင်ပြုခြင်းမှတားမြစ်တော်မူခဲ့သည်။

فوائد الحديث

တားမြစ်ထားသော ဟန်ဆောင်မှုပြုခြင်းမှာ - အမေးအမြန်းထူခြင်း၊ မိမိ မသိသည့်အရာကို သိချင်ယောင်ဆောင်ခြင်း၊ အလ္လာဟ်အရှင်မြတ်က လွယ်ကူမှုပေးထားသောကိစ္စရပ်ကို ခက်ခဲအောင်လုပ်ခြင်း စသည်တို့ဖြစ်သည်။

မွတ်စ်လင်မ်သည် အပြောအဆို၌ဖြစ်စေ၊ လုပ်ရပ်၌ဖြစ်‌စေ၊ စားခြင်း၊ သောက်ခြင်း၊ စကားပြောခြင်းနှင့် အခြေအနေအရပ်အရပ်တွင် ဟန်ဆောင်မှု ၊ခက်ခဲမှုမပါဘဲ လွယ်ကူမှုကို ဖန်တီးပေးတတ်သော အကျင့်မျိုးကို မွေးသင့်သည်။

အစ္စလာမ်သာသနာသည် လွယ်ကူသော သာသနာဖြစ်သည်။

التصنيفات

မကောင်းသည့် ကိုယ်ကျင့်တရား။