အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှ ရှောင်ကြဉ်ကြပါ။ သာဝကကြီးများက…

အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှ ရှောင်ကြဉ်ကြပါ။ သာဝကကြီးများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ထိုအပြစ်များသည် အဘယ်အရာများပါနည်းဟု မေးလျှောက်ခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဥ်တွဲကိုးကွယ်ခြင်း၊ စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအား မတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမဲ့ကလေး၏ ပစ္စည်းဥစ္စာကို စားခြင်း၊ စစ်မြေပြင်မှ ထွက်ပြေးခြင်းနှင့် (မကောင်းမှုအပေါ်)အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးများအား (တရားမဝင်ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှဆင့်ပြန်တော်မူသည်။ အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့်အပြစ်ခုနှစ်မျိုးမှ ရှောင်ကြဉ်ကြပါ။ သာဝကကြီးများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ထိုအပြစ်များသည် အဘယ်အရာများပါနည်းဟု မေးလျှောက်ခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့် ကြားသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဥ်တွဲကိုးကွယ်ခြင်း၊စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအား မတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမဲ့ကလေး၏ ပစ္စည်းဥစ္စာကို စားခြင်း၊ စစ်မြေပြင်မှထွက်ပြေးခြင်းနှင့် (မကောင်းမှုအပေါ်)အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးများအား (တရားမဝင်ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ အွမ္မသ်သားတို့အား ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှ ရှောင်ကြဉ်ကြရန် အမိန့်ပေးထားသည်။ ၎င်းပြစ်မှုကြီးများမှာ အဘယ်ရာပါနည်းဟု မေးမြန်းခြင်းခံရသည့်အခါ ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ (၁) မည်သည့်ပုံစံနှင့်ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်အတွက် ဂုဏ်ရည်တူများသတ်မှတ်ကာ အရှင်မြတ်နှင့်ယှဉ်တွဲကိုး ကွယ်ခြင်း။ ကိုယ်တော်သည် ရှိရ်က်ကိုဦးစွာတင်ပြရခြင်းမှာ ၎င်းသည် အကြီးဆုံး အပြစ်အကုသိုလ် ဖြစ်သောကြောင့်ဖြစ်သည်။ (၂) အလ္လာဟ်အရှင်မြတ်က တားမြစ်ထားသည့် အသက်တစ်ချောင်းအား ရှရီအသ်တရားဥပဒေအရမဟုတ်ဘဲ မတရားသတ်ဖြတ်ခြင်း၊ (၃) စုန်းပယောဂဖြင့်ပြုစားခြင်း၊ (၄) အတိုးစားခြင်း သို့မဟုတ် အတိုးအား အခြားမည်သည့်နည်းဖြင့်မဆို အကျိုးခံစားခြင်း၊(၅) အဖမဲ့ကလေး၏ ပစ္စည်းဥစ္စာကို မတရားရယူခြင်း၊ (၆) ကာဖိရ်တို့နှင့် စစ်တိုက်ရာမှ ထွက်ပြေးခြင်း၊ (၇) လွတ်လပ်သော ကာမေသုမိစ္ဆာစာရမကျူးလွန်သော အမျိုးသမီးများအား တရားမဝင်ကာမကျူးလွန်သည်ဟု သမုတ်ခြင်း တို့ဖြစ်သည်။

فوائد الحديث

ရှိရ်က်ဖက်စပ်ယှဥ်တွဲ ကိုးကွယ်ခြင်းသည် ဟရာမ်ဖြစ်သည်။ ၎င်းသည် အကြီးမားဆုံးပြစ်မှုဖြစ်ပြီး အကြီးလေးဆုံး အကုသိုလ်လည်း ဖြစ်သည်။

စုန်းပယောဂဖြင့် ပြုစားခြင်းသည် ဟရာမ်ဖြစ်သည်။ ၎င်းသည် ပျက်စီးဆုံးရှုံးစေသော ပြစ်မှုကြီးများအနက်မှဖြစ်ပြီး အစ္စလာမ်ကို ပျက်ပြားစေသည့် ကိစ္စရပ်များအနက်မှဖြစ်သည်။

အသက်တစ်ချောင်းကို မတရားသတ်ဖြတ်ခြင်းသည် ဟရာမ်ဖြစ်သည်။

လူသတ်မှုကျူးလွန်ခြင်း၊ အစ္စလာမ်ကိုလက်ခံပြီးနောက် စွန့်လွှတ်လိုက်ခြင်း၊ နိကဟ်ထိမ်းမြားပြီးသည့်နောက် ကာမေသုမိစ္ဆာစာရကျူးလွန်ခြင်း အစရှိသောပြစ်မှုများကြောင့် အစ္စလာမ့်ဥပဒေအရ သေဒဏ်စီရင်ခြင်းခံရလျှင် သတ်ဖြတ်ခြင်းပိုင်သည်။

အတိုးစားခြင်းသည် ဟရာမ်ဖြစ်ပြီး ၎င်း၏ဆိုးကျိုးသည် ကြီးမားလှသည်။

အဖမဲ့ကလေးများ၏ ပစ္စည်းဥစ္စာကို မတရားသဖြင့် ရယူခြင်းသည် ဟရာမ်ဖြစ် သည်။

စစ်တိုက်ရာမှ ကျောခိုင်းထွက်ပြေးခြင်းသည် ဟရာမ်ဖြစ်သည်။

တရားမဝင် ကာမကျူးလွန်သည်ဟု လည်းကောင်း၊ လိင်တူဆက်ဆံသည်ဟုလည်းကောင်း စွပ်စွဲခြင်းသည် ဟရာမ်ဖြစ်သည်။

ကာဖိရ်ကို ဇိနာကျုးလွန်သည်ဟု စွပ်စွဲခြင်းသည် (မပြုပိုင်သော်လည်း)ပြစ်မှုကြီးများအနက်မှ မဟုတ်ပေ။

التصنيفات

မကောင်းသည့် ကိုယ်ကျင့်တရား။, အပြစ်ကျူးလွန်ခြင်းကို ရှုံ့ချခြင်း။