အပြစ်ကျူးလွန်ခြင်းကို ရှုံ့ချခြင်း။

အပြစ်ကျူးလွန်ခြင်းကို ရှုံ့ချခြင်း။

10- “သင်တို့အရင်မှာရှိခဲ့သည့် လူမျိုးစုတစ်စုတွင်အမျိုးသားတစ်ဦးရှိခဲ့သည်။ ထိုသူ၌ ဒဏ်ရာတစ်ခုရှိခဲ့၏။ ထို့နောက် သူသည် (နာကျင်မှုကို) သည်းမခံနိုင်တော့ဘဲ ဓားတစ်ချောင်းကို ယူ၍ မိမိလက်ကို ဖြတ်လိုက်၏။ ထို့နောက်(ဒဏ်ရာမှာ) သွေးမတိတ်ဘဲ သေဆုံးသွားလေ၏။ ထိုအခါ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်၏ ကျေးကျွန်သည် ငါအရှင်မြတ်ထက် ဦးစွာ မိမိအသက်ကို သတ်ရန် အလျင်လိုခဲ့ပေပြီ။ ထို့ကြောင့် ငါအရှင်သည် ထိုသူ့အပေါ် ဂျန္နသ်ကို ဟရာမ်အဖြစ်သတ်မှတ်တော်မူလိုက်လေပြီ။”