إعدادات العرض
ငါကိုယ်တော် မိအ်ရာဂျ်ခရီးကို ခေါ်ဆောင်သွားခြင်းခံရသောအခါ၊ ကြေးရောင်လက်သည်းများဖြင့်…
ငါကိုယ်တော် မိအ်ရာဂျ်ခရီးကို ခေါ်ဆောင်သွားခြင်းခံရသောအခါ၊ ကြေးရောင်လက်သည်းများဖြင့် မိမိတို့၏မျက်နှာနှင့် ရင်ဘတ်များကို ကုတ်ဖဲ့နေကြသောလူတစ်စုအနားမှ ဖြတ်သွားတော်မူခဲ့သည်
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ငါကိုယ်တော် မိအ်ရာဂျ်ခရီးကို ခေါ်ဆောင်သွားခြင်းခံရသောအခါ၊ ကြေးရောင်လက်သည်းများဖြင့် မိမိတို့၏မျက်နှာနှင့် ရင်ဘတ်များကို ကုတ်ဖဲ့နေကြသောလူတစ်စုအနားမှ ဖြတ်သွားတော်မူခဲ့သည်။ "ငါကိုယ်တော်က 'အို-ဂျစ်ဗ်ရီလ်၊ ဤသူတို့သည် မည်သူများနည်း' ဟု မေးမြန်းခဲ့သည်။ ဂျိဗ်ရီလ်(အလိုင်ဟိစ်စ္စလာမ်)က 'ဤသူတို့သည် လူတို့၏အသားများကို စားသောသူများ ( ဂီဘသ် အတင်းအဖြင်း ပြောဆိုသူများ) နှင့် သူတစ်ပါး၏ဂုဏ်သိက္ခာကို ထိပါးစော်ကားခဲ့ကြသူများ ဖြစ်ကြသည်' ဟု ဖြေကြားခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Tagalog Türkçe اردو 中文 हिन्दी Français ئۇيغۇرچە Hausa Kurdî Русский Tiếng Việt Magyar ქართული Kiswahili සිංහල Română অসমীয়া ไทย Português मराठी دری አማርኛ ភាសាខ្មែរ ગુજરાતી Nederlands Македонски ਪੰਜਾਬੀ മലയാളം ಕನ್ನಡ తెలుగుالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်မှာ- "အစ္စရာအ်(မတ်စ်ဂျစ်ဒ်ဟရာမ်မှ မတ်စ်ဂျစ်ဒ်အက်ဆွာသို့ ညခရီး)နှင့် မိအ်ရာဂျ်ညတွင် ကိုယ်တော့်အား မိုးကောင်းကင်သို့ ခေါ်ဆောင်သွားခြင်းခံရစဉ် ကြေးရောင်လက်သည်းများဖြင့် မိမိတို့၏မျက်နှာများနှင့် ရင်ဘတ်များကို ကုတ်ဖဲ့စုတ်ဖြဲနေသော လူများအနားမှ ဖြတ်သွားတော်မူခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဂျီဗ်ရီလ် (အလိုင်ဟိစ္စလာမ်) အား ''ဤသူများသည် မည်သည့်လုပ်ရပ်ကိုလုပ်ခဲ့သောကြောင့် ထိုသို့သောအဇားဗ်ပြစ်ဒဏ်ကို ခံနေကြရသနည်း'' ဟု မေးမြန်းတော်မူခဲ့သည်။ ထိုအခါ ဂျီဗ်ရီလ် (အလိုင်ဟစ္စလာမ်) က ''ဤသူတို့သည် လူတို့အား (သူတစ်ပါး၏) ဂီဗသ်အတင်းအဖျင်း ပြောခဲ့သူများနှင့် မတရားသဖြင့် သူတစ်ပါး၏ဂုဏ်သိက္ခာကို ထိပါးပြောဆိုခဲ့ကြသူများ ဖြစ်ကြသည်'' ဟု ဖြေကြားခဲ့သည်။فوائد الحديث
ဂီဗသ်အတင်း
အဖျင်းပြောဆိုခြင်းကို အပြင်းအထန် တားမြစ်ထားပြီး ဂီဗသ်အတင်းပြောသူကို လူသား၏
အသားကို စားသုံးသူနှင့် ခိုင်းနှိုင်းထားခြင်း။
လူတို့၏ဂုဏ်သိက္ခာကို ထိပါးစော်ကားစေသည့် ဂီဗသ်အတင်းပြောခြင်းနှင့် အလားတူပြစ်မှုများသည် ကြီးမားသောအပြစ်အကုသိုလ်များထဲမှ ဖြစ်သည်။
ဟဒီးဆ်တော်တွင် လာရှိသည့် "يخمشون" (ယခ်မိရှူန- ၎င်းတို့သည် ကုတ်ဖဲ့ကြသည်-) ဟူသော စာလုံးနှင့်ပတ်သတ်၍ အိမာမ်သွီဗီက ဤသို့ဆိုသည် - မျက်နှာနှင့် ရင်ဘတ်ကို ကုတ်ဖဲ့ခြင်းသည် သေဆုံးသူအတွက် ငိုကြွေးသော အမျိုးသမီးများ၏ လက္ခဏာတစ်ရပ် ဖြစ်သဖြင့်၊ ထိုအချက်နှစ်ချက်ကို ဂီဗသ်ပြောကာ မွတ်စ်လင်မ်များ၏ ဂုဏ်သရေကို ဖျက်ဆီးသူ၏ အပြစ်ဒဏ်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ၎င်းတွင် ညွှန်ပြချက်ရှိသည်မှာ ဤအရာများသည် အမျိုးသားများ၏ အချင်းလက္ခဏာများထဲမှ မဟုတ်ဘဲ၊ အမျိုးသမီးများ၏ အဆိုးရွားဆုံးသော အခြေအနေနှင့် အကြည့်ရဆိုးဆုံးသော အချင်းလက္ခဏာများထဲမှဖြစ်ကြောင်းသိရှိရ သည်။
ဂိုင်ဗ်(အကွယ်)ကို အီမာန်သက်ဝင်ယုံကြည်ရန်နှင့် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့ အသိပေးမိန့်ကြားခဲ့သည့်အရာအားလုံးကို အီမာန်သက်ဝင်ယုံကြည်ရန် အရေးကြီးသည်။
التصنيفات
အပြစ်ကျူးလွန်ခြင်းကို ရှုံ့ချခြင်း။