ကောင်းသည့်အပါင်းအဖာ်နှင့် မကောင်းသည့် အပေါင်းအဖော်၏ပမာမှာ ကတိုးကို သယ်ဆောင်သူနှင့်…

ကောင်းသည့်အပါင်းအဖာ်နှင့် မကောင်းသည့် အပေါင်းအဖော်၏ပမာမှာ ကတိုးကို သယ်ဆောင်သူနှင့် ပန်းပဲဖိုးထိုးသူကဲ့သို့ပင်ဖြစ်သည်

အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကောင်းသည့်အပါင်းအဖာ်နှင့် မကောင်းသည့် အပေါင်းအဖော်၏ပမာမှာ ကတိုးကို သယ်ဆောင်သူနှင့် ပန်းပဲဖိုးထိုးသူကဲ့သို့ပင်ဖြစ်သည်။ ကတိုးကို သယ်ဆောင်သူသည် သင့်အားလက်ဆောင်ပေးမည်။ သို့မဟုတ် သင်သူ့ထံမှ ဝယ်ယူနိုင်မည်။ သို့မဟုတ် သူ့ထံမှ မွှေးကြိုင်သည့်ရနံ့ကို ရနိုင်မည်ဖြစ်သည်။ ပန်းပဲထိုးသူသည် သင်၏အဝတ်အစားကို လောင်ကျွမ်းစေမည်။ သို့မဟုတ် သင်သူ့ထံမှ အနံ့ဆိုးကို ရလိမ့်မည်ဖြစ်သည်။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူနှစ်မျိုးအား ပမာပြုကာ မိန့်ကြားတော်မူခဲ့သည်။ ပထမ တစ်မျိုးမှာ - ကောင်းမြတ်သည့် မိတ်ဆွေ၊ အပေါင်းအသင်းဖြစ်ပြီး ၎င်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုသို့ ညွှန်ပြပေးသူ၊ အရှင်မြတ်၏ အမိန့်နာခံရန် ကူညီပေးသူဖြစ်သည်။ ထိုသူ၏ပမာသည် ကတိုးရောင်းသကဲ့သို့ဖြစ်သည်။ ထိုသူသည် သင့်အားလက်ဆောင်ပေးမည်။ သို့မဟုတ်ပါက သင်သူ့ထံမှ ဝယ်ယူနိုင်မည်။ သို့မဟုတ်ပါက သူ့ထံမှ မွှေးကြိုင်သည့်ရနံ့ကို ရနိုင်မည်ဖြစ်သည်။ ဒုတိယ တစ်မျိုးမှာ - မကောင်းသည့် မိတ်ဆွေ၊ အပေါင်းအသင်းဖြစ်ပြီး ၎င်းသည် အလ္လာဟ်အရှင်မြတ် လမ်းတော်မှ ပိတ်ပင်တားဆီးသူ မကောင်းမှုများ ပြုလုပ်ရာတွင် ကူညီသူဖြစ်သည်။ သင့်အနေဖြင့် သူ့ထံမှ မကောင်းသည့် လုပ်ရပ်များကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုကဲ့သို့သောသူနှင့် ပေါင်းသင်းဆက်ဆံသည့်အတွက် သင်လည်း ပြစ်တင်ကဲ့ရဲ့ခံရမည်ဖြစ်သည်။ ထိုသူ၏ပမာသည် ဖားဖိုထိုးသည့် ပန်းပဲသမားကဲ့သို့ဖြစ်သည်။ သူ့ဆီမှထွက်လာသော မီးပွားများသည် သင်၏အဝတ်အစားများကို လောင်ကျွမ်းစေနိုင်သည်။ သို့မဟုတ် သူ့အနားတွင်ရှိနေခြင်းကြောင့် အနံ့ဆိုးများရနိုင်သည်။

فوائد الحديث

နားထောင်သူအနေဖြင့် ဆိုလိုရင်း အဓိပ္ပါယ်ကို အနီးစပ်ဆုံး သဘောပေါက်စေရန်အတွက် ဥပမာများတင်ပြခွင့်ရှိသည်။

ကောင်းမှုပြုသူများ၊ အကျင့်သီလကောင်းမွန်သူများနှင့် ပေါင်းသင်းဆက်ဆံရန် တိုက်တွန်းထားပြီး အပြစ်ကျူးလွန်သူများ၊ အကျင့်စရိတ္တမကောင်းသူများကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။

التصنيفات

သူတော်ကောင်းများ၏ အခြေအနေများ။, အပြစ်ကျူးလွန်ခြင်းကို ရှုံ့ချခြင်း။