မွတ်စ်လင်မ် နှစ်ဦးသည် ဓားကိုယ်စီဖြင့် အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါ သတ်သူနှင့် အသတ်ခံရသူ…

မွတ်စ်လင်မ် နှစ်ဦးသည် ဓားကိုယ်စီဖြင့် အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါ သတ်သူနှင့် အသတ်ခံရသူ (နှစ်ဦးစလုံး) ငရဲမီးထဲသို့ ကျရောက်မည်ဖြစ်သည်။

အဗူဗက္ကရဟ် နဖီအ်ဗင်န် အလ်ဟာရိဆ် အတ်ဆ်ဆကဖီ(ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ “မွတ်စ်လင်မ် နှစ်ဦးသည် ဓားကိုယ်စီဖြင့် အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါ သတ်သူနှင့် အသတ်ခံရသူ (နှစ်ဦးစလုံး) ငရဲမီးထဲသို့ ကျရောက်မည်ဖြစ်သည်။” ထိုအခါ ကျွန်တော်က အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ သတ်သူ (ငရဲမီးထဲကျခြင်းကို သိပါသည်)။ အသတ်ခံရသူက အဘယ်ကြောင့်ကျရပါသနည်း။ ဟုလျှောက်ထားရာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အမှန်တကယ်ပင် ထို(အသတ်ခံရ)သူသည်လည်း သူ၏ပြိုင်ဘက်ကို သတ်ရန် ဆန္ဒပြင်းပြခဲ့သူဖြစ်သည်” ဟုမိန့်တော်မူသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

မွတ်စ်လင်မ်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဓားကိုယ်စီဖြင့် ရင်ဆိုင်တိုက်ခိုက်ကြလျှင် သတ်သူသည် မိမိ၏ ပြိုင်ဘက်ကို သတ်လိုက်သည့်အတွက် ငရဲမီးသို့ ကျရောက်မည်ဖြစ်သည်။ အသတ်ခံရသူကလည်း ထိုသို့သတ်ဖြတ်ရန် ဆန္ဒပြင်းပြခဲ့သည့်အတွက် ငရဲမီးသို့ ကျရောက်မည်ဖြစ်သည်။ အကယ်၍ ထိုသို့တိုက်ခိုက်ခြင်းသည် အမှန်တရားအတွက် မဟုတ်ပါက အလ္လာဟ်အရှင်မြတ်ကလည်း ၎င်းတို့နှစ်ဦးအား ခွင့်မလွှတ်ခဲ့လျှင် နှစ်ဦးစလုံး ငရဲမီးသို့ကျရောက်မည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားသည်မှာ - (သို့ရာတွင် အကယ်၍ ယင်းအုပ်စုနှစ်စု အနက်မှ အုပ်စုတစ်စုသည် (စစ်ပြေငြိမ်းမှုကို လက်မခံဘဲ ဆက်လက်၍) အခြားအုပ်စု အပေါ်၌ မတရား ကျူးကျော်လာခဲ့လျှင် အသင်တို့သည် ယင်းကျူးကျော်လျက်ရှိသော အုပ်စုကို ၎င်းတို့သည်အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ဘက်သို့ ပြန်၍ လှည့်လာကြသည်အထိ ပြိုင်ဆိုင်တိုက်ခိုက်ကြလေကုန်။) (ကုရ်အာန်- ၄၉ : ၉)

فوائد الحديث

အကြင်သူသည် အပြစ်ကျူးလွန်ရန် စိတ်ထဲ၌ သန္နိဌာန်ချကာ ထို့သို့ကျူးလွန်ရန်လည်း အသင့်ပြင်ဆင်ပြီး ၎င်းနှင့်သက်ဆိုင်သော အကြောင်းခံများကိုလည်း ပြုလုပ်ခဲ့သော် ထိုအပြစ်ဒုစရိုက်ကို ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ အလ္လာဟ်အရှင်မြတ်က ၎င်းအား ခွင့်မလွတ်ပါက သူသည် ပြစ်ဒဏ်၌ ကျရောက်မည်ဖြစ်သည်။ သို့သော် အကြင်သူသည် စိတ်ထဲ၌ အပြစ်ကျူးလွန်ရန် ရည်ရွယ်ခဲ့ပြီး ၎င်းနှင့်သက်ဆိုင်သော အကြောင်းခံများကို မပြုလုပ်ခဲ့သော် အပြစ်ထိုက်မည်မဟုတ်ပေ။

မွတ်စ်လင်မ် အချင်းချင်းတိုက်ခိုက်ခြင်း မပြုလုပ်ရန် သတိပေးတားမြစ်ထားသည်။

التصنيفات

စိတ်နှလုံးသား၏ အမလ်ကျင့်ဆောင်မှုများ။, စိတ်နှလုံးသား၏ အမလ်ကျင့်ဆောင်မှုများ။, အပြစ်ကျူးလွန်ခြင်းကို ရှုံ့ချခြင်း။, အပြစ်ကျူးလွန်ခြင်းကို ရှုံ့ချခြင်း။