إعدادات العرض
ငါကိုယ်တော်၏ အွမ္မသ်သားတို့အနက်
ငါကိုယ်တော်၏ အွမ္မသ်သားတို့အနက်
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ငါကိုယ်တော်၏ အွမ္မသ်သားတို့အနက် (မိမိ၏)အပြစ်အကုသိုလ်အား ထုတ်ဖော်ပြောကြားသူများမှလွဲ၍ အားလုံးသည် ခွင့်လွှတ်ချမ်းသာပေးခြင်းခံရမည်ဖြစ်သည်။ ထုတ်ဖော်ပြောကြားခြင်းဆိုသည်မှာ လူတစ်ဦးသည် ညတွင် အပြစ်အကုသိုလ်ကျူးလွန်ခဲ့သည်။ ၎င်းနောက် နံနက်သို့ရောက်သည့်အခါ ၎င်းအားဖန်ဆင်းမွေးမြူတော်မူသောအရှင်က သူ၏အပြစ်အား ဖုံးကွယ်ပေးထားသော်လည်း ၎င်းက အို - မည်သူမည်ဝါ မနေ့ကညက ကျွန်တော် ဒါတွေ ဒါတွေ လုပ်ခဲ့ပါသည်ဟူ၍ ပြောဆိုလိုက်သည်။ တစ်ညတာလုံး ၎င်း၏အရှင်မြတ်က (သူ၏အပြစ်များကို) ဖုံးကွယ်ပေးခဲ့သည်။ နံနက်သို့ရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်က ၎င်း (၏အပြစ်များ)အား ဖုံးကွယ်ပေးထားသည်ကို သူကိုယ်တိုင်ပင် ဖော်ထုတ်လိုက်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Kurdî Kiswahili Português தமிழ் Svenska ગુજરાતી Yorùbá Hausa پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Shqip Wolof Українська Moore ქართული Magyar Македонски Azərbaycan አማርኛ Malagasy Oromoo Deutsch ไทย मराठी ਪੰਜਾਬੀ O‘zbek Italiano ភាសាខ្មែរالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အပြစ်ကျူးလွန်သူ မွတ်စ်လင်မ်များအနက် အရှက်တရားကင်းမဲ့စွာဖြင့် မိမိအပြစ်ကို ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ဖော်ပြောဆိုသူမှလွဲ၍ ကျန်အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်မှုနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိရန်မျှော်လင့်ရသည်။ ထိုသို့ ခွင့်လွှတ်ချမ်းသာပေးခြင်းနှင့် မထိုက်တန်ရခြင်းမှာ ညတွင် အပြစ်အကုသိုလ် ကျူးလွန်ခဲ့ပြီးနောက် နံနက်သို့ရောက်သည့်အခါ ၎င်းအား အလ္လာဟ်အရှင်မြတ်က သူ၏အပြစ်အား ဖုံးကွယ်ပေးထားသည်ကို ၎င်းက အခြားသူများကို မနေ့ကညက ကျွန်တော် ဒီလို ဒီလိုအပြစ်တွေ လုပ်ခဲ့ပါသည်ဟူ၍ ပြောဆိုလိုက်သည့်အတွက်ဖြစ်သည်။ တစ်ညတာလုံး ၎င်း၏အရှင်မြတ်က (သူ၏အပြစ်များကို) ဖုံးကွယ်ပေးခဲ့သည်။ နံနက်သို့ရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်က ၎င်း(၏အပြစ်များ)အား ဖုံးကွယ်ပေးထားသည်ကို သူကိုယ်တိုင်ပင် ဖော်ထုတ်လိုက်သည်။فوائد الحديث
အလ္လာဟ်အရှင်မြတ်က အပြစ်ကို ဖုံးကွယ်ပေးထားပြီးနောက် ကိုယ်တိုင် လူသိရှင်ကြားဖော်ထုတ်လိုက်ခြင်း၏ ဆိုးကျိုးကိုဖာ်ပြထားသည်။
အပြစ်အကုသိုလ်များကို လူသိရှင်ကြားဖော်ထုတ်ခြင်းသည် မွတ်စ်လင်မ်များကြားတွင် မကောင်းမှုများကို ပြန့်နှံ့စေသည်။
အကြင်းသူ၏ အပြစ်ကို အလ္လာဟ်အရှင်မြတ်က လောကတွင် ဖုံးကွယ်ပေးထားပါက နောင်တမလွန်တွင်လည်း ဖုံးကွယ်ပေးတော်မူမည်ဖြစ်သည်။ ဤသည် မိမိအဖန်ဆင်းခံများအပေါ်တွင်ရှိသည့် အလ္လာဟ်အရှင်မြတ်၏ ကျယ်ဝန်းလှသည့် ကရုဏာတော်ဖြစ်သည်။
အပြစ်အကုသိုလ် ကျူးလွန်နေသူသည် မိမိအပြစ်ကို မိမိကိုယ်တိုင် ဖုံးကွယ်ထားပြီး အလ္လာဟ်အရှင်မြတ်ထံတော်တွင် သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှုပြုရမည်ဖြစ်သည်။
အပြစ်အကုသိုလ်များကို လူသိရှင်ကြားထုတ်ဖော်သူများ၏ အပြစ်သည် အလွန်ကြီးမားပြီး ခွင့်လွှတ်ချမ်းသာမှုကို လက်မဲ့ဖြစ်အောင် မိမိတို့ကိုယ်တိုင် ပြုလုပ်ကြသူများဖြစ်သည်။
التصنيفات
အပြစ်ကျူးလွန်ခြင်းကို ရှုံ့ချခြင်း။