ကျွန်တစ်ဦးသည် မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ ထို့ကြောင့်…

ကျွန်တစ်ဦးသည် မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် (ထိုအချိန်၌)ဒုအာအမြောက်အမြား တောင်းခံကြပါ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်တော်မူသည်။ ကျွန်တစ်ဦးသည် မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ထို့ကြောင့် အသင်တို့သည် (ထိုအချိန်၌)ဒုအာအမြောက်အမြား တောင်းခံကြပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ “ကျွန်တစ်ဦးမိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။” အဘယ်ကြောင့်ဆိုသော် လူတစ်ဦးသည် ဦးချသည့်အခါ ခြေဖြင့်နင်းသော နေရာများတွင် အမြင့်မြတ်ဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းကို ချထားလိုက်သည်။ ထို့အတူ မိမိခန္ဓာကိုယ်၏ အမြင့်ဆုံး အစိတ်အပိုင်းအား ခန္ဓာကိုယ်၏ အနိမ့်ဆုံး အစိတ်အပိုင်းနှင့် တစ်ပြေးတည်းထားလိုက်သည်။ (ဆိုလိုသည်မှာ ၎င်း၏ခန္ဓာကိုယ်တွင် မျက်နှာသည် အမြင့်ဆုံးတွင်ရှိပြီး ခြေထောက်များသည် အနိမ့်ဆုံးတွင်ရှိသည်။) ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချကာ ထိုအစိတ်အပိုင်း နှစ်ခုစလုံးကို အဆင့်အတန်းတစ်ခုတည်း၌ ထားလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းသည် စဂ်ျဒဟ် ဦးချနေချိန်၌ မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးဖြစ်သွားပေသည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဦးချနေစဉ်တွင် ဒုအာဆုမွန်အမြောက်အမြား တောင်းခံရန် အလေးထား မိန့်ကြားတော်မူသည်။ သို့ဖြစ်၍ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးရာတွင် အသွင်သဏ္ဍာန်နှင့် ရွတ်ဆိုသည့်စကား နှစ်ခုစလုံး အတူပါရှိနေရမည်။ ထို့ကြောင့် လူတစ်ဦးသည် စဂ်ျဒဟ် ဦးချရာတွင် (سبحان ربي الأعلى) ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အမြင့်မားဆုံးသော အရှင်ဖြစ်တော်မူပြီး ချို့တဲ့ခြင်းအပေါင်းမှ ကင်းစင်တော်မူသည်။ ဟူသော စာသားအား ရွတ်ဆိုရသည်။ ဤသည် ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ဇာတိတော်နှင့် ဂုဏ်တော်များတွင် အကြီးကျယ်ဆုံး အမြင့်မားဆုံးဖြစ်တော်မူကြောင်းညွှန်ပြနေပြီး လူသားသည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုး အာနုဘော်နှင့် ကြီးကျယ်မှုနှင့် ပတ်သက်၍ ကြည့်မည်ဆိုလျှင် အနိမ့်ဆုံးတွင်ရှိနေပေသည်။

فوائد الحديث

စဂ်ျဒဟ် ဦးချနေစဉ် ဒုအာ ဆုမွန်အမြောက်အမြား တောင်းခံခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဒုအာ လက်ခံခြင်းခံရသည့် နေရာများတွင်ပါဝင်သည်။

အမိန့်နာခံမှုသည် ကျွန်အား ကြီးကျယ်မြင့်မားတော်မူသော ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် ပို၍နီးကပ်စေသည်။

ကျွန်သည် အမိန့်နာခံမှု တိုးလာသည်နှင့်အမျှ အလ္လာဟ်အရှင်မြတ်ကလည်း သူ၏ ဒုအာဆုမွန်ကို ပို၍ လက်ခံတော်မူမည်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ အွမ္မသ်နောက်လိုက်များအား ကောင်းမှုကိုလည်းကောင်း၊ ကောင်းမှုပြုနိုင်မည့်အကြောင်းခံများကိုလည်းကောင်း၊ ကောင်းမှုသို့ရောက်ရှိစေမည့် ဝင်ပေါက်များကိုလည်းကောင်း သင်ကြားပြသပေးရန် အလွန်စိတ်အားထက်သန်တော်မူသည်။

التصنيفات

ဒုအာ လက်ခံခြင်းခံရသည့် အကြောင်းခံများနှင့် ဒုအာ လက်ခံခြင်းကို အတားအဆီးဖြစ်စေသည့် အကြောင်းခံများ။