မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား…

မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ မိမိဇနီးမယားအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ မိမိဇနီးမယားအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] [သိရ်မိဇီကျမ်း။ - အဗူဒါဝူဒ်ကျမ်း။ - အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။ - အဒ်ဒါရိမီက ဆင့်ပြန်ခဲ့သည်။]

الشرح

မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အဆင့်အတန်း အမြင့်မားဆုံးသူမှာကိုယ်ကျင့်တရားအကောင်းဆုံး သူပင်ဖြစ်ပြီး၊ လူတို့အနက် ကောင်းမွန်စွာဆက်ဆံရန် အထိုက်တန်ဆုံးသူမှာ ဇနီးမယားပင်ဖြစ်သည်။ သို့သာမက မိမိ၏ဇနီးမယားနှင့် ကောင်းမွန်စွာဆက်ဆံသူသာလျှင် လူတို့အနက် အကောင်းဆုံးကိုယ်ကျင့်တရားရှိသူဖြစ်သည်။

فوائد الحديث

အီမာန် သက်ဝင်ယုံကြည်မှုနှင့် အကျင့်စာရိတ္တကောင်းမွန်ခြင်းတို့ကြား ပတ်သက်ဆက်နွယ်မှုရှိ၏။

အစ္စလာမ် သာသနာတော်၌ ကောင်းမြတ်သည့် ကိုယ်ကျင့်တရား၏ မြင့်မြတ်မှုကို တင်ပြထားသည်။

အီမာန်သည် အဆင့်အတန်းအားဖြင့် ကွဲပြားမှုရှိသည်။ အီမာန်သည် အတိုး၊အလျော့ရှိပြီး တသတ်မှတ်တည်း မဟုတ်ပေ။

التصنيفات

ကောင်းမြတ်သည့် ကိုယ်ကျင့်တရား။, ဇနီးမောင်နှံကြား ပေါင်းသင်းဆက်ဆံရေး။