ဇနီးမောင်နှံကြား ပေါင်းသင်းဆက်ဆံရေး။

ဇနီးမောင်နှံကြား ပေါင်းသင်းဆက်ဆံရေး။

3- ကျွန်ုပ်က‌ လျှောက်ထားမေးမြန်းခဲ့သည်မှာ - အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးဦးအပေါ်၌ ၎င်း၏ဇနီးမိန်းမနှင့် ပတ်သတ်၍ မည်သည့်ဝတ္တရားရှိပါသနည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်-"အသင် စားသောက်သည့်အခါ သူမကိုလည်း ကျွေးမွေးရမည်။ အသင် ဝတ်ဆင်သည့်အခါ သို့မဟုတ် အသင်သည် ဝင်ငွေရလာသည့်အခါ သူမကိုလည်း ဝတ်ဆင်ပေးရမည် မျက်နှာကို ရိုက်နှက်ခြင်း မပြုရ။ ရင့်သီးကြမ်းတမ်းခြင်း မပြုရ။ အိမ်တွင်း၌သာ (အပြစ်အနာအဆာ ပြုပြင်ရန်) ခွဲခွာ၍နေထိုင်ခြင်း ပြုရမည်။