إعدادات العرض
သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး၊ မိမိရဲ့လက်…
သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး၊ မိမိရဲ့လက် အောက်ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံကြရမည် ဖြစ်သည်
အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး၊ မိမိရဲ့လက် အောက်ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံကြရမည် ဖြစ်သည်။ လူတို့အား အုပ်ချုပ်သည့် ခေါင်း ဆောင်သည်လည်း အုပ်ထိန်းသူဖြစ်ပြီး မိမိရဲ့လက်အောက်ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံရမည်။ အမျိုးသားသည်လည်း မိမိ၏ မိသားစု အပေါ်အုပ်ထိန်းသူဖြစ်ပြီး၊ ၎င်းတို့နှင့်ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ ဇနီးသည်လည်း မိမိခင်ပွန်း၏ အိမ်နှင့် သားသမီးများ၏ အုပ်ထိန်းသူဖြစ်ပြီး၊ ၎င်းတို့နှင့် ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ ကျွန်သည် မိမိသခင်၏ ဥစ္စာပစ္စည်းကို အုပ်ထိန်းသူဖြစ်ပြီး၊ ယင်းဥစ္စာပစ္စည်းနှင့်ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ သတိပြုကြလေကုန်၊ သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြသည်။ မိမိရဲ့လက်အောက် ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံကြရမည် ဖြစ်သည်။
الترجمة
العربية Bosanski English Español فارسی Français Indonesia Türkçe اردو 中文 हिन्दी Tagalog ئۇيغۇرچە Hausa Kurdî Português සිංහල Русский Svenska ગુજરાતી Yorùbá Tiếng Việt Kiswahili پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof Українська ქართული Magyar Moore Shqip Македонски Azərbaycan አማርኛ Malagasy Oromoo বাংলা ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbek Italiano ភាសាខ្មែរالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က လူ့အဖွဲ့အစည်းတွင် နေထိုင်သော မွတ်စ်လင်မ်တိုင်းတွင် ထမ်းဆောင်ရမည့်တာဝန်များ ရှိသည်ဟုမိန့်ကြားတော်မူခဲ့သည်။ အုပ်ချုပ်သူခေါင်းဆောင်သည် အလ္လာဟ်အရှင်မြတ်က မိမိအား အုပ်ချုပ်ခွင့်ပေးအပ်ထားသောလက်အောက်ခံများ၏ အုပ်ထိန်းသူဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအပေါ်၌ သူတို့၏သာသနာရေးရာများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ သူတို့အား မတရားပြုကျင့်သူတို့ထံမှ ကာကွယ်ပေးရန်၊ သူတို့၏ ရန်သူများကို တိုက်ခိုက်ရန်နှင့် သူတို့၏အခွင့်အရေးများ ဆုံးရှုံးခြင်းမရှိစေရန် တာဝန်ရှိသည်။ အိမ်ထောင်ဦးစီးအမျိုးသားသည် မိမိအိမ်သူအိမ် သားများအား စားဝတ်နေရေးထောက်ပံ့ခြင်း၊ ကောင်းမွန်စွာဆက်ဆံခြင်း၊ ပညာသင်ကြားပေးခြင်းနှင့် စာရိတ္တပျိုးထောင်ခြင်းတို့ကို တာဝန်ယူရသူဖြစ်သည်။ ဇနီးသည် မိမိခင်ပွန်း၏ အိမ်ကို ကောင်းမွန်စွာ ထိန်းသိမ်းရန်နှင့် သားသမီးများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် တာဝန်ယူရသူဖြစ်သည်။ သူမသည် ထိုတာဝန်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကို ခံရမည်ဖြစ်သည်။ အစေခံနှင့် အလုပ်သမားသည် မိမိထံတွင်ရှိသော သခင်၏ ဥစ္စာပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သခင့်အား အမှုတော်ထမ်းရန် တာဝန်ရှိသည်။ ၎င်းသည် ထိုတာဝန်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကို ခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ လူတိုင်းသည်မိမိအား အပ်နှင်းထားသော တာဝန်ဝတ္တရားများအတွက် အုပ်ထိန်းသူဖြစ်ပြီး လူတိုင်းသည် မိမိ၏လက်အောက်ခံများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကို ခံရမည်ဖြစ်သည်။فوائد الحديث
မွတ်စ်လင်မ့်လူ့အဖွဲ့အစည်း တွင် လူတိုင်း၌ မိမိတတ်နိုင်မှု၊ စွမ်းဆောင်နိုင်မှုနှင့် တာဝန်ရှိမှုအလိုက် ဆောင်ရွက်ရမည့်တာဝန်များ ရှိသည်။
အမျိုးသမီး၏ တာဝန်ကြီးမားမှု။
အမျိုးသမီးသည် မိမိခင်ပွန်း၏ အိမ်နှင့် သားသမီးများအပေါ် ကျေပွန်စွာ ဆောင်ရွက်ရမည့် တာဝန်များရှိသည်။
