ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား…

ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား အရေးယူသည့်အခါ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။

အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား အရေးယူသည့်အခါ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ဖတ်ရွတ်တော်မူသည်။ (စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား ၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန်လှပေသတည်း။) (ကုရ်အာန် ၁၁း၁၀၂)

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားသည်မှာ အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ပေးထားပြီး ၎င်းအား မိမိကိုယ် မိမိ (အပြစ်များဖြင့်) နှိပ်စက်မှုပြုစေရန် လွှတ်ပေးထားသည်။ သို့သော် ၎င်းအား အရေးယူသည့်အခါ သူနှင့်ထိုက်သင့်သည့် အပြစ်ဒဏ်ကို အပြည့်အဝမခံရမချင်း လွှတ်ပေးတော်မူမည်မဟုတ်ပေ။ ထို့နောက် ကိုယ်တော်သည် အောက်ပါအာယသ်တော်ကို ဖတ်ရွတ်ခဲ့သည်။ (စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား ၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန်လှပေသတည်း။) (ကုရ်အာန် ၁၁း၁၀၂)

فوائد الحديث

အသိဉာဏ်ရှိသူသည် မတရားလုပ်မိသည့်အခါ ဒုက္ခဆိုက်ရောက်ခြင်း မရှိခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ်၏ ပရိယာယ်အစီအစဉ်မှ စိတ်ချစွာနေမည် မဟုတ်ပေ။ ထို့ပြင် ဤသည် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း သိရှိပြီး အခွင့်အရေးများကို ၎င်းတို့၏ပိုင်ရှင်များထံ အလျင်အမြန်ပြန်လည် ပေးအပ်ရမည်ဖြစ်သည်။

မတရားပြုသူများ၌ အပြစ်များ တိုးလာပြီး ပြစ်ဒဏ်လည်း တိုးလာစေရန်အတွက် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား (ချက်ချင်း အရေးယူခြင်းမှ) ဆိုင်းငံ့ထားတော်မူသည်။

ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ်တော်များကို ရှင်းလင်းဖွင့်ဆိုရာတွင် အကောင်းဆုံးမှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် အရှင့်ရစူလ်တမန်တော်၏ ဩဝါဒတော်ပင်ဖြစ်သည်။

التصنيفات

အကီဒဟ် ယုံကြည်ချက်။, အလ္လာဟ်အရှင်မြတ်သည် ဂုဏ်တော် နာမတော်များကို ပိုင်ဆိုင်ရာ၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။, မကောင်းသည့် ကိုယ်ကျင့်တရား။