အလ္လာဟ်အရှင်မြတ်သည် ဂုဏ်တော် နာမတော်များကို ပိုင်ဆိုင်ရာ၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။

အလ္လာဟ်အရှင်မြတ်သည် ဂုဏ်တော် နာမတော်များကို ပိုင်ဆိုင်ရာ၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။

2- ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနှင့် မကောင်းမှုများကို ရေးမှတ်တော်မူပြီးနောက် ၎င်းတို့အား အသေးစိတ်ရှင်းပြတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်တွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ယင်းကောင်းမှုကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့ပါက ၎င်းကို ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ၎င်းအပြင် အကြင်သူသည် မကောင်းမှုတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်ပြီး မလုပ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ၎င်းကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့လျှင် ၎င်းကို သူ့အတွက် အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုတစ်ခုအဖြစ်သာ ရေးမှတ်တော်မူမည်။

8- အမှန်တရားနှင့်နီးစပ်အောင် ကြိုးစားဆောင်ရွက်ကြလော့။ မှန်ကန်သောလမ်းစဥ်ကို လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် သင်တို့သိကြလော့။ သင်တို့အနက် တစ်ဦးတစ်ယောက်မျှ မိမိ၏အမလ်ကျင့်ဆောင်မှုကြောင့် လွှတ်မြောက်နိုင်မည်မဟုတ်ပေ။ ထိုအခါဆွဟာဗဟ်သာဝကများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော်လည်း ပါဝင်ပါသလောဟု လျှောက်ထားမေးမြန်းကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖြေကြားတော်မူသည်။ ငါကိုယ်‌တော်လည်း လွှတ်မြောက်နိုင်မဟုတ်ပါ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်နှင့် ကျေးဇူးတော်ဖြင့် ငါကိုယ်‌ တော့်အား လွှမ်းခြုံပေးတော်မူမည်ဖြစ်သည်။

13- “မည်သူမဆို ငါအရှင်မြတ်၏အချစ်တော်ကို ရန်ငြိုးထားပါက ငါအရှင်မြတ်သည် သူ့အား စစ်ကြေညာတော်မူသည်။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်က သူ့အပေါ်ပြဋ္ဌာန်းထားသည့် ဖရ်ဿွ်တာဝန်များအားလုပ်ဆောင်၍ငါအရှင်နှင့်နီးကပ်မှုရယူခြင်းထက် ငါအရှင်ပိုနှစ်သက်သည့်တခြားအရာဖြင့် ငါအရှင်မြတ်ထံတော်ပါး၌ နီးကပ်မှု မရရှိနိုင်ပေ။

16- အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

17- ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။ ၎င်းသည် ထိုကောင်းမှုကြောင့် လောက၌ ကောင်းကျိုးချီးမြှင့်ခြင်းခံရပြီး နောင်တမလွန် အာခိရသ်တွင်လည်း အစားပြန်လည်ရရှိမည်ဖြစ်သည်။