إعدادات العرض
လူတစ်ဦးသည် ဤလောက၌ အခြားသူတစ်ဦး၏ အပြစ်များကို ဖုံးကွယ်ပေးလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ထိုသူ၏…
လူတစ်ဦးသည် ဤလောက၌ အခြားသူတစ်ဦး၏ အပြစ်များကို ဖုံးကွယ်ပေးလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ထိုသူ၏ အပြစ်များကို ဖုံးကွယ်ပေးတော်မူမည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "လူတစ်ဦးသည် ဤလောက၌ အခြားသူတစ်ဦး၏ အပြစ်များကို ဖုံးကွယ်ပေးလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ထိုသူ၏ အပြစ်များကို ဖုံးကွယ်ပေးတော်မူမည်။"
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Kiswahili Português தமிழ் Nederlands অসমীয়া ગુજરાતી پښتو മലയാളം नेपाली ქართული Magyar తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolof ភាសាខ្មែរ ಕನ್ನಡ Yorùbá Српски Malagasy Kinyarwanda Shqip Oromoo Lietuviųالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ - မည်သည့်ကိစ္စတွင်မဆို မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏မွတ်စ်လင်မ်ညီနောင်တစ်ဦး၏ အပြစ်များကို ဖုံးကွယ်ပေးလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ထိုသူ၏ အပြစ်များကို ဖုံးကွယ်ပေးတော်မူမည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် သူ၏အပြုအမူနှင့်အညီ အကျိုးဆက်ကို ခံစားရသည်။ ၎င်းအား အလ္လာဟ်အရှင်မြတ်၏ ဖုံးကွယ်ပေးခြင်းဆိုသည်မှာ ကိယာမတ်နေ့ ရှင်ပြန်ထမည့်နေရာ၌ လူအုပ်ကြားတွင် ထိုသူ၏ ချို့ယွင်းချက်များနှင့်အပြစ်အကုသိုလ်များကို ဖုံးကွယ်ပေးတော်မူခြင်းဖြင့် ဖြစ်သည်။ သို့မဟုတ် ၎င်းအား ထိုအပြစ်များအတွက် စစ်ဆေးမေးမြန်းခြင်းနှင့် ထုတ်ဖော်ပြောဆိုခြင်း မပြုခြင်းဖြင့်လည်းကောင်း ဖြစ်နိုင်သည်။فوائد الحديث
မွတ်စ်လင်မ်တစ်ဦးသည် အပြစ်တစ်ခုကို ကျူးလွန်မိပါက၊ ထိုလုပ်ရပ်အား ငြင်းပယ်ခြင်း၊ သူ့အား ဆုံးမခြင်းနှင့် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရန် သတိပေးခြင်းတို့နှင့်အတူ ထိုအပြစ်ကို ဖုံးကွယ်ပေးခြင်း ပြုသင့်သည်။ သို့ရာတွင် ထိုသူသည် မကောင်းမှုနှင့် ဖောက်ပြန်ပျက်စီးမှုကို ကျူးလွန်သူဖြစ်ပြီး ပေါ်ပေါ်ထင်ထင် အပြစ်ကျူးလွန်နေပါက၊ သူ့အပြစ်ကို ဖုံးကွယ်ပေးခြင်း မပြုသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဖုံးကွယ်ပေးခြင်းသည် သူ့အား အပြစ်ကျူးလွန်ရန် အားပေးအားမြောက်ပြုခြင်းနှင့် တူသောကြောင့်ဖြစ်သည်။ ထိုကဲ့သို့သောသူနှင့်ပတ်သက်၍ အာဏာပိုင်များထံ အသိပေးအကြောင်းကြားသင့်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ၏(အပြစ်အကြောင်းကို) ထုတ်ဖော်ပြောဆိုခြင်းဖြစ်လျှင်ပင် (အပြစ်မရှိပေ)။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ဖောက်ပြန်ပျက်စီးမှုနှင့် အပြစ်ကို ထင်ရှားစွာ ကျူးလွန်နေသူဖြစ်သောကြောင့်တည်း။
အခြားသူများ၏ အမှားများကို ဖုံးကွယ်ပေးရန် အားပေးထားခြင်း။
အပြစ်ဖုံးကွယ်ပေးခြင်း၏ အကျိုးကျေးဇူးများထဲမှတစ်ခုမှာ အပြစ်ကျူးလွန်သူအား မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန်နှင့် အလ္လာဟ်အရှင်မြတ်ထံ ဝန်ချတောင်းပန်ရန် အခွင့်အရေးပေးခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူများ၏ အပြစ်အနာအဆာများနှင့် လျှို့ဝှက်ချက်များကို ထုတ်ဖော်ခြင်းသည် အမှန်တကယ်တွင် မကောင်းမှုကို ပျံ့နှံ့စေခြင်း၊ လူမှုပတ်ဝန်းကျင်ကို ပျက်စီးစေခြင်းနှင့် လူများအား မကောင်းမှုဘက်သို့ ဆွဲဆောင်ခြင်းနှင့် အတူတူပင်ဖြစ်သောကြောင့်ဖြစ်သည်။
