إعدادات العرض
ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ …
ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ကိုယ်တော်မြတ်သည် ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“ အဓိပ္ပာယ် - ကျွန်တော်မျိုးသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဖြင့်လည်းကောင်း၊ အလွန်ရက်ရောတော်မူသောအရှင်မြတ်၏မျက်နှာတော်အားဖြင့်လည်းကောင်း၊ ရှေးမဆွကတည်းကပင် ရှိခဲ့သော အရှင်မြတ်၏စိုးမိုးမှုဖြင့်လည်းကောင်း နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏အနှောင့်အရှက်မှ ကင်းဝေးရန် အရှင်မြတ်ထံခိုလှုံပါ၏။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල Русский অসমীয়া Kiswahili Tiếng Việt ગુજરાતી Nederlands پښتو नेपाली മലയാളം Кыргызча Română Svenska Српски తెలుగు ქართული Moore Magyar Македонски Čeština Українська Azərbaycan Wolof Kinyarwanda Malagasy ไทย मराठी ਪੰਜਾਬੀ دری አማርኛ ភាសាខ្មែរ Lietuvių Deutsch ಕನ್ನಡ Oromoo Shqip தமிழ்الشرح
တမန်တော်မြတ်သည် ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ‘အအူဇုဗိလ္လာဟိအဇွီးမ်’ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်နှင့်အရှင်မြတ်၏ဆွိဖာသ် ဂုဏ်တော်များဖြင့်လည်းကောင်း၊ ‘ဝဝဂ်ျဟိဟိလ်ကရီးမ်’ အလွန်ရက်ရောတော်မူသောအရှင်မြတ်၏မျက်နှာတော်အားဖြင့်လည်းကောင်း၊ ‘ဝဆွလ်သွားနိဟီ’ အရှင်မြတ်သည် မိမိအလိုရှိသော အဖန်ဆင်းခံတို့အပေါ်လွမ်းမိုးနိုင်စွမ်းရှိတော်မူသော ‘အလ်ကဒီးမ်’ ရှေးမဆွကတည်းကပင် ထာဝရတည်ရှိတော်မူသောအရှင်မြတ်၏စိုးမိုးမှုဖြင့်လည်းကောင်း ‘မိနရှ်ရှိုင်သွာနိရ်ရဂျီးမ်’ အလ္လာဟ်အရှင်မြတ်၏ရဟ်မသ်ဂရုဏာတော်မူသောမှ နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏အနှောင့်အရှက်မှ ကင်းဝေးရန် အရှင်မြတ်ထံခိုလှုံပါ၏။ ဆိုလိုသည်မှာ အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ရှိုင်သွာန်၏မကောင်းသောအကြံအစည်များထည့်သွင်းခံရခြင်း၊ ရှိုင်သွာန်ဘက်မှလမ်းလွဲသွားအောင်ပြုလုပ်ခြင်း၊ သူ၏ခြေလှမ်းများ၊ လူသားစိတ်နှလုံးထဲသို့ ထည့်သွင်းတတ်သော သူ၏မကောင်းသောအကြံအစည်များ၊ မကောင်းမှုကို နှစ်သက်လာအောင်ပြုလုပ်တတ်သည့်သူ၏အကြံအစည်နှင့် သူသည် လူသားကို လမ်းမှားအောင်ပြုလုပ်ခြင်းစသည်တို့မှ ကျွန်တော်မျိုးအား ကာကွယ်စောင့်ရှောက်တော်မူပါ။ မုချထိုရှိုင်သွာန်သည် လမ်းမှားစေခြင်း၊ လမ်းလွဲစေခြင်းနှင့် အသိပညာကင်းမဲ့အောင်ပြုလုပ်ခြင်းတို့၏အဓိကအကြောင်းခံဖြစ်သည်။ အချို့က အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ် အားပြောသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤမျှလောက်သာရွတ်ဆိုခဲ့ပါသလား။ ဟု မေးမြန်းကြရာ ဟုတ်ကဲ့၊ ဤမျှလောက်သာ ရွတ်ဆိုခဲ့သည်ဟု အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ် က ဖြေကြားခဲ့လေသည်။ ဗလီသို့ဝင်သူသည် ဤဒုအာကို ရွတ်ဆိုလိုက်ပါက ရှိုင်သွာန်ကပြောသည်မှာ ဤသူသည် မိမိကိုယ်မိမိ ငါ၏အနှောင့်အရှက်မှကင်းဝေးရန် နေ့ရောညပါ အချိန်ပြည့် ကာကွယ်ထိန်းသိမ်းလိုက်ချေပြီ။فوائد الحديث
ဗလီသို့ဝင်သောအခါ ဤဒုအာကို ရွတ်ဆိုခြင်း၏ထွတ်မြတ်မှုကို ဖော်ပြထားပြီး ဤဒုအာကို ရွတ်ဖတ်သူသည် တနေ့တာကျန်ရှိအချိန်အားလုံး ရှိုင်သွာန်၏အနှောင့်အရှက်မှထိန်းသိမ်းခြင်းခံရပေမည်။
ရှိုင်သွာန်မိစ္ဆာကို လွန်စွာသတိထား ရှောင်ကျဉ်ရန်ပါရှိသည်။ သူသည် မွတ်စ်လင်မ်အား လမ်းမှားစေရန်နှင့် လမ်းမှားအောင်ပြုလုပ်ရန်စောင့်ဆိုင်းနေသည်။
လူသားသည် မိမိနှလုံးသား၌အီမာန်သက်ဝန်ယုံကြည်မှုရှိသည့်အတိုင်းအတာနှင့် ဤဒုအာကို ရွတ်ဖတ်ပြီး ဤဒုအာကို ရွတ်ဖတ်ခြင်းကြောင့် ရရှိမည့် ကတိတော်များကို ထောက်ခံခြင်းဖြင့် ရှိုင်သွာန်မိစ္ဆာကောင်၏လမ်းမှားစေခြင်းနှင့် လမ်းမှားအောင်ပြုလုပ်ခြင်းတို့မှ ထိန်းသိမ်းစောင့်ရှောင့်ခြင်းခံရပေမည်။
