إعدادات العرض
ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော…
ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက် ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး မိန့်ကြားတော်မူသည်မှာ -
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက် ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး မိန့်ကြားတော်မူသည်မှာ - ငါအရှင်မြတ်ထံ တောင်းဆုပြုမည့်သူ ရှိသလော။ ငါအရှင်မြတ်သည် သူ(၏တောင်းဆု)ကို လက်ခံတော်မူမည်။ ငါအရှင်မြတ်ထံ တောင်းခံမည့်သူရှိသလော။ ငါအရှင်မြတ်သည် သူ့အား ချီးမြှင့်တော်မူမည်။ ငါအရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံမည့်သူရှိသလော။ ငါအရှင်မြတ်သည် သူ့အား လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူမည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල ไทย Русский 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Hausa دری Magyar ಕನ್ನಡ Кыргызча Lietuvių Română Kinyarwanda नेपाली Српски Soomaali Deutsch Moore Українська Български Wolof Azərbaycan ქართული тоҷикӣ bm Македонски አማርኛ Malagasy ភាសាខ្មែរالشرح
တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက်ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး အရှင်မြတ်သည် မိမိ၏ကျေးကျွန်များကို မိမိထံ ဒုအာဆုတောင်းခံခြင်း၌ စိတ်အားထက်သန်စေရန်အတွက် အရှင်မြတ်သည် ဒုအာဆုမွန်တောင်းခံသူ၏ တောင်းဆုကို လက်ခံတော်မူကြောင်း မိန့်ကြားတော်မူသည်။ ထို့အတူ ၎င်းတို့အား မိမိတို့အလိုရှိသည်ကို တောင်းခံကြရန်နှင့် အရှင်မြတ်သည် မိမိထံတောင်းခံသူအား ချီးမြှင့်တော်မူကြောင်း မိန့်ကြားတော်မူသည်။ ထို့အတူ အရှင်မြတ်ထံ ၎င်းတို့၏အပြစ်အကုသိုလ်များကို လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံကြရန်နှင့် အရှင်မြတ်သည် မိမိ၏မုအ်မင်န်ကျေးကျွန်များ၏ အပြစ်အကုသိုလ်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူကြောင်း မိန့်ကြားတော်မူသည်။فوائد الحديث
ည၏နောက်ဆုံး သုံးပုံတစ်ပုံအချိန်နှင့် ထိုအချိန်၌ ဆွလာသ် ဝတ်ပြုခြင်း၊ ဒုအာဆုတောင်းခြင်း၊ အပြစ်အကုသိုလ်များမှ လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံခြင်းတို့၏ မွန်မြတ်မှုကို ဖော်ပြထားသည်။
ဤဩဝါဒတော်ကို ကြားနာရသူအနေဖြင့် ဒုအာလက်ခံခြင်းခံရသည့် အချိန်များကို အကျိုးရှိစွာကုန်ဆုံးရန်အတွက် အလွန်စိတ်အားထက်သန်မှုရှိသင့်သည်။