إعدادات العرض
လူသားသည် ငါအရှင်မြတ်အား မဟုတ်မမှန် ပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။ လူသားသည် ငါအရှင်မြတ်အား…
လူသားသည် ငါအရှင်မြတ်အား မဟုတ်မမှန် ပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။ လူသားသည် ငါအရှင်မြတ်အား စွပ်စွဲပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - လူသားသည် ငါအရှင်မြတ်အား မဟုတ်မမှန် ပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။ လူသားသည် ငါအရှင်မြတ်အား စွပ်စွဲပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။ ငါအရှင်မြတ်အား လူသားသည် မဟုတ်မမှန် ပြောဆိုသည့်ကိစ္စရပ်မှာ ငါအရှင်သည် မြတ်လူသားအား စတင်ဖန်ဆင်းခဲ့သည့်အတိုင်း ကိယာမသ်နေ့၌ ပြန်လည်ဖန်ဆင်းရန်မတတ်စွမ်းနိုင်ပေဟု ပြောခြင်းဖြစ်သည်။ (အရှင်မြတ်က ဤသို့တုန့်ပြန်တော်မူ၏) စတင်ဖန်ဆင်းခဲ့သည့်အတိုင်းဖန်ဆင်းခြင်းထက် ကိယာမသ်နေ့၌ ပြန်လည်ဖန်ဆင်းရန်မှာ အလွန်ပင်လွယ်ကူလှသည်။ လူသားသည် ငါအရှင်မြတ်အား စွပ်စွဲ ပြောဆိုသည့်ကိစ္စရပ်မှာ ငါအရှင်မြတ်ထံတော်တွင် သားသမီးရှိသည်ဟု ပြောဆိုခြင်းဖြစ်သည်။ (အရှင်မြတ်က ဤသို့တုန့်ပြန်တော်မူ၏) ငါအရှင်သည် တစ်ဆူတည်းတည်ရှိမူသောအရှင်၊ လိုလားတောင့်တခြင်းလုံးဝကင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏မှီခိုအားထားရာအရှင်ဖြစ်တော်မူပြီး ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည်မဟုတ်ပါ။ ငါအရှင်မြတ်နှင့်ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိပေ။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Kiswahili پښتو অসমীয়া دری Кыргызча or Čeština नेपाली Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof Magyar ქართული Moore Українська Македонски Azərbaycan Shqip Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbek Italiano ភាសាខ្មែរالشرح
ဟဒီးဆ်ကုဒ်စီတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် မုရှ်ရိက်များ၊ ကာဖိရ်များနှင့်ပတ်သက်၍အသိပေးမိန့်ကြားထားသည်မှာ ကာဖိရ်၊ မုရှ်ရိက်တို့သည် အလ္လာဟ်အရှင်မြတ်အား မဟုတ်မမှန်ပြောဆိုကြသည့်အပြင် အရှင်မြတ်တွင် လျောနည်းမှုများ၊ ချွတ်ယွင်းချက်များရှိသည်ဟု ပြောဆိုကြသည်။ ကာဖိရ်၊ မုရှ်ရိက်တို့သည် ထိုသို့မပြောသင့်ပေ။ အလ္လာဟ်အရှင်မြတ်အား ကာဖိရ်၊ မုရှ်ရိက်များကမဟုတ်မမှန် ပြောဆိုသည့်ကိစ္စရပ်မှာ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်၊ မုရှ်ရိက်များအား မည်သည့်အစအနမှမရှိဘဲ စတင်ဖန်ဆင်းခဲ့သည့်အတိုင်း ကွယ်လွန်သေဆုံးပြီးနောက် ကိယာမသ်နေ့၌ နောက်တစ်ကြိမ် ပြန်လည်ဖန်ဆင်းရန် မတတ်စွမ်းနိုင်ပေဟုထက်မြင်နေကြခြင်းဖြစ်သည်။ အရှင်မြတ်က ဤသို့တုန့်ပြန်တော်မူ၏။ မည်သည့်အစအနမှမရှိဘဲ စတင်ဖန်ဆင်းခဲ့သော အလ္လာဟ်အရှင်မြတ်သည် လူသားများအား တဖန်ပြန်လည်ဖန်ဆင်းရန် တတ်စွမ်းနိုင်သည့်အပြင် ဤသို့ဖန်ဆင်းရန်မှာ ပို၍လွယ်ကူလှပေသည်။ သို့သော် ဤကိစ္စရပ်များအားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် တန်းတူညီတူဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။ ကာဖိရ်၊ မုရှ်ရိက်များက အလ္လာဟ်အရှင်မြတ်အား စွပ်စွဲ ပြောဆိုသည့်ကိစ္စရပ်မှာ ငါအရှင်မြတ်ထံတော်တွင် သားသမီးရှိသည်ဟု ပြောဆိုခြင်းဖြစ်သည်။ အရှင်မြတ်က ဤသို့တုန့်ပြန်တော်မူ၏။ အရှင်မြတ်သည် အလွန်ပြည့်စုံလှသော မိမိနာမတော်များ၊ ဂုဏ်တော်များ၊ လုပ်ဆောင်ချက်များ၌ တစ်ဆူတည်းတည်ရှိမူသောအရှင်၊ ချို့ယွင်းမှုအပေါင်းနှင့် အားနည်းချက်များမှ ကင်းရှင်းတော်မူသောအရှင်၊လိုလားတောင့်တခြင်းလုံးဝကင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏မှီခိုအားထားရာအရှင်ဖြစ်တော်မူပြီး အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏သားလည်းမဟုတ်ပေ။ ငါအရှင်မြတ်နှင့်ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိပေ။فوائد الحديث
အလ္လာဟ်အရှင်မြတ်တွင် ပြီးပြည့်စုံသောစွမ်းရည်ရှိကြောင်း အတည်ပြုထားသည်။
ကွယ်လွန်ပြီးနောက် ပြန်လည်ရှင်ပြန်ထရမည်ကို အတည်ပြုထားသည်။
ပြန်လည်ရှင်ပြန်ထရမည်ကို ငြင်းပယ်သူ သို့မဟုတ် အလ္လာဟ်အရှင်မြတ်တွင်သား၊ သမီးရှိသည်ဟုပြောဆိုသူသည် ကာဖိရ်ဖြစ်သွားချေပြီ။
အရှင်မြတ်နှင့်ဂုဏ်ရည်တူသူဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိပေ။
အလ္လာဟ်အရှင်မြတ်၏ကျယ်ဝန်းလှသည့်ထောက်ထားညှာတာတော်မူနှင့် ကာဖိရ်တို့သည် အရှင်မြတ်ထံတော်သို့ ပြန်လှည့်မည်လာမည်ကို မျှော်လင့်၍ရွှေ့ဆိုင်းထားခြင်းကို သိရှိရသည်။
