إعدادات العرض
မည်သူမဆို ရိုဇီရိက္ခာ ကျယ်ဝန်းစွာ ချီးမြှင့်ခံရရန်နှင့် ၎င်း၏သက်တမ်း ရှည်လျားမှုရရန် နှစ်သက်လိုလားလျှင်…
မည်သူမဆို ရိုဇီရိက္ခာ ကျယ်ဝန်းစွာ ချီးမြှင့်ခံရရန်နှင့် ၎င်း၏သက်တမ်း ရှည်လျားမှုရရန် နှစ်သက်လိုလားလျှင် ဆွေမျိုးဆက်ပါ။
အနတ်စ်ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ မည်သူမဆို ရိုဇီရိက္ခာ ကျယ်ဝန်းစွာ ချီးမြှင့်ခံရရန်နှင့် ၎င်း၏သက်တမ်း ရှည်လျားမှုရရန် နှစ်သက်လိုလားလျှင် ဆွေမျိုးဆက်ပါ။
الترجمة
عربي Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी বাংলা ئۇيغۇرچە Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska cs ગુજરાતી አማርኛ Yorùbá Nederlands Hausa ไทย دری ff hu kn Кыргызча Lietuvių or ro rw Soomaali Српски uz mos नेपालीالشرح
ဤဟဒီးဆ်တော်တွင် ဆွေမျိုးဆက်ရန် တိုက်တွန်းနှိုးဆော်ထားသည်။ ထို့ပြင် ဆွေမျိုးဆက်ခြင်း၏ အချို့သော အကျိုးကျေးဇူးများကိုတင်ပြပြီး အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု ရရှိမည်ကိုလည်း ထပ်လောင်း တင်ပြထားသည်။ထို့ပြင် ၎င်းသည် လူသားတို့အနှစ်သက်ဆုံး ကိစ္စများကို လက်ငင်းဆုလာဘ်အဖြစ် ရရှိမည့် အကြောင်းခံလည်းဖြစ်ပြီး၊ ရိုဇီရိက္ခာကျယ်ဝန်း များပြားခြင်းနှင့် အသက်ရှည်ခြင်းတို့၏ အကြောင်းခံလည်းဖြစ်သည်။အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - (စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ၎င်းနှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလ ဆိုက်ရောက်လာခဲ့လျှင် ရွှေ့ဆိုင်းခွင့် အလျှင်းပြုတော်မူသည် မဟုတ်ပြီ။) ကုရ်အာန် (၆၃ : ၁၁) ဤအာယသ်တော်တွင်ပါရှိသည့် သတ်မှတ်ထားသည့်အချိန်ကာလ ဟူသည် အသက်ရှည်စေသည့် အကြောင်းခံများကို ဆောက်ရွက်ပြီးနောက် ရောက်ရှိသွားသည့် သက်တမ်း အချိန်ကာလကို ဆိုလိုသည်။ အကယ်၍ လူတစ်ဦး၏သက်တမ်းသည် နှစ်ငါးဆယ်ဟု သတ်မှတ်ခံထားရသည်ဆိုလျှင် ၎င်းသည် မသေဆုံးမီ ဆွေမျိုးဆက်ခြင်းကို ဆောင်ရွက်လိုက်သည့်အတွက် ၎င်း၏သက်တမ်းသည် နှစ်ခြောက်ဆယ်ဖြစ်သွားပေသည်။ ထိုနှစ်ခြောက်ဆယ်ထက် အလျှင်းရွှေ့ဆိုင်းခွင့်ပေးလိမ့်မည် မဟုတ်ပေ။ဤအကြောင်းအရာများ အားလုံးကို အလ္လာဟ်အရှင်မြတ်သည် အစကတည်းကပင် အကြွင်းမဲ့သိတော်မူပြီးဖြစ်သည်။ သို့သော် ယင်းကိစ္စရပ်တို့သည် အချို့သော မလာအိကဟ် ကောင်းကင်တမန်များထံ၌ပင် ဖုံးကွယ်နေသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - (အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖျောက်ဖျက်တော်မူလေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည် (မိမိအလိုရှိတော်မူသောအရာကို) တည်တန့်စေတော်မူလေသည်။) ဆိုလိုသည်မှာ ကောင်းကင်တမန်များထံရှိ ဂုဏ်ကျက်သရေရှိသည့် စာရွက်များထဲမှဖြစ်သည်။ (စင်စစ်မူရင်း (မှတ်တမ်း)စာအုပ်မှာမူကား ထိုအရှင် မြတ်အထံတော်၌သာလျှင် ရှိပေသတည်း။) ကုရ်အာန် (၁၃ : ၃၉) အကြင်မှတ်တမ်းစာအုပ်များ၌ အရာအားလုံးကို အသေးစိတ် မှတ်တမ်းတင်ထားပြီး မည်သည့် တစ်စုံတစ်ရာမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။فوائد الحديث
ဆွေမျိုးဆက်ရန် တိုက်တွန်းနှိုးဆော်ထားသည်။
အလ္လာဟ်အရှင်မြတ်သည် ဆွေမျိုးဆက်ခြင်းအား ဆွေမျိုးဆက်သူအတွက် ရိုဇီရိက္ခာ ကျယ်ဝန်းစေရန်နှင့် သက်တမ်းရှည်လျားစေရန်အတွက် ခိုင်မာသည့် အကြောင်းခံတစ်ရပ်အဖြစ် ပြုလုပ်ပေးထားသည်။
လုပ်ရပ်အမျိုးအစားပေါ်မူတည်၍ အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ မည်သူမဆို မိမိ၏ ဆွေမျိုးသားချင်းတို့အား ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ကောင်းကျိုးပြုခြင်းတိုဖြင့် အဆက်ထားလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏ သက်တမ်းကိုရှည်လျားစေပြီး၊ ရိုဇီရိက္ခာ ကျယ်ဝန်းစွာ ချီးမြှင့်တော်မူမည်ဖြစ်သည်။
အကြောင်းခံများကို အတည်ပြုတင်ပြထားသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အကြောင်းခံ (ဆွေမျိုးဆက်ခြင်း)နှင့် အကျိုးတရား (အသက်ရှည်ခြင်း၊ ရိုဇီရိက္ခာကျယ်ဝန်းခြင်း) တို့အားအတည်ပြုထားသည်။