إعدادات العرض
မှန်သောစကားကိုသာ ပြောဆိုခြင်းအား လက်ကိုင်ထားရန်အသင်တို့အပေါ်၌တာဝန်ရှိသည်။…
မှန်သောစကားကိုသာ ပြောဆိုခြင်းအား လက်ကိုင်ထားရန်အသင်တို့အပေါ်၌တာဝန်ရှိသည်။ မှန်သောစကားကိုသာပြောဆိုခြင်းက ကောင်းမှုဘက်သို့ လမ်းပြပေးသည်။ ကောင်းမှုသည် ဂျန္နသ်ဘက်သို့ လမ်းပြပေးသည်။
အဗ်ဒုလ္လာဟ် ဗင်န်မတ်စ်အူဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မှန်သောစကားကိုသာ ပြောဆိုခြင်းအား လက်ကိုင်ထားရန်အသင်တို့အပေါ်၌တာဝန်ရှိသည်။ မှန်သောစကားကိုသာပြောဆိုခြင်းက ကောင်းမှုဘက်သို့ လမ်းပြပေးသည်။ ကောင်းမှုသည် ဂျန္နသ်ဘက်သို့ လမ်းပြပေးသည်။ လူတစ်ဦးသည် အမှန်ကိုပြောဆိုရင်း၊ အမှန်ကိုသာရှာဖွေရင်း နောက်ဆုံးတွင်သူသည်အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အလွန်မှန်ကန်သူ ဖြစ်သွားသည်။ အသင်တို့သည် မုသားပြောခြင်းမှရှောင်ကြဉ်ကြကုန်။ မုသားသည် မကောင်းမှုဘက်သို့ လမ်းပြပေးသည်။ မကောင်းမှုသည် ဂျဟန္နမ်ငရဲဘက်သို့ လမ်းပြပေးသည်။ လူတစ်ဦးသည် မုသားပြောရင်း၊ မုသားကို ရှာဖွေရင်း နောက်ဆုံးတွင် သူသည် အလ္လာ့ဟ်အရှင်မြတ်ထံတော်၌အလွန်မုသားပြောသူဟုရေးမှတ်ခြင်းခံရပေသည်။”
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Português தமிழ் অসমীয়া Kiswahili ગુજરાતી Nederlands پښتو नेपाली മലയാളം Svenska Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Magyar Македонски Čeština Українська Lietuvių Kinyarwanda Azərbaycan አማርኛ Wolof Malagasy ไทย मराठी ਪੰਜਾਬੀ دری Deutsch ភាសាខ្មែរ Oromoo Shqipالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မှန်သောစကားကိုသာ ပြောဆိုရန်အမိန့်ပေးထားသည်။ မှန်သောစကားကိုသာ စွဲမြဲစွာပြောဆိုခြင်းက ထာဝရတည်ရှိမည့်ကောင်းမှုဆီသို့ပို့ ဆောင်ပေးသည်။ ကောင်းမှုကိုစွဲမြဲစွာပြုလုပ်သူအား ယင်းကောင်းမှုက ဂျန္နသ်ဘက်သို့ ပို့ဆောင်ပေးသည်။ သိသာသည်ဖြစ်စေ၊ မသိသာသည်ဖြစ်စေ မှန်သောစကားကိုသာ ထပ်တလဲလဲပြောဆိုလျက်ရှိရာ အလွန်ပင်မှန်သောစကားပြောဆိုသူဟူသည့်အမည်နှင့်ထိုက်တန်သွားသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မုသားပြောခြင်း၊ မှားယွင်းသည့်စကားကို ပြောခြင်းမှတားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် မုသားသည် ဖြောင့်မတ်မှန်ကန်စွာရပ်တည်ခြင်းမှ မကောင်းသောလုပ်ရပ်နှင့်အကုသိုလ်များဘက်သို့ ယိမ်းယိုင်စေသည်။ တဖန် ဂျဟန္နမ်ငရဲမီးသို့လည်းပို့ဆောင်ပေးသည်။ ထို့ပြင် မုသားပြောသူသည် များစွာမုသားပြောဆိုမှုကြောင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အလွန်ပင်မုသားပြောသူဟု သတ်မှတ်ခြင်းခံရလေတော့သည်။فوائد الحديث
သစ္စာရှိခြင်းဟူသော ကိုယ်ကျင့်တရားသည် ကြိုးစားခြင်းဖြင့်ရရှိနိုင်သည့် ကောင်းမွန်သည့်ကိုယ်ကျင့်တရားတစ်ခုဖြစ်သည်။ လူတစ်ဦးသည် အမှန်ကိုပြောဆိုရင်း၊ အမှန်ကိုသာရှာဖွေရင်း နောက်ဆုံးတွင်မှန်သောစကားကိုသာပြောခြင်းသည် သူ၏ပင်ကိုစာရိတ္တဖြစ်သွားလေရာ သူသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အလွန်ပင်မှန်သောစကားကို ပြောဆိုသူများ၊ သူတော်ကောင်းများအနက်မှဖြစ် ကြောင်း သတ်မှတ်ခြင်းခံရလေသည်။
လိမ်လည်ခြင်းဟူသော ကိုယ်ကျင့်တရားသည် လုပ်ရပ်နှင့်အပြောအဆိုနှစ်ရပ်စလုံးတွင် ကာလကြာရှည်စွာ ကျင့်ကြံခြင်းဖြင့်ရရှိလာသည့် မကောင်းသောကိုယ်ကျင့်တရားတစ်ခုဖြစ်ပြီး နောက်ဆုံးတွင် လိမ်လည်ခြင်းသည် ပင်ကိုစာရိတ္တဖြစ်သွားလေရာ သူသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အလွန်ပင်မုသားစကားကို ပြောဆိုသူများအနက်မှဖြစ်ကြောင်း သတ်မှတ်ခြင်းခံရလေသည်။
ဆွိဒ်က် သစ္စာရှိခြင်းဟူသောစကားလုံးသည် မုသား၏ဆန့်ကျက်ဘက် မှန်သောစကားကို ပြောဆိုခြင်းဟုအဓိပ္ပာယ်ရသည်။ ရည်စူးချက်တွင် ဆွိဒ်က် သစ္စာရှိခြင်းဟူသည် အိခ်လာဆ်ွ အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်ခြင်းကို ဆိုလိုသည်။ ခိုင်မာသည့်ဆုံးဖြတ်ချက်တွင် ဆွိဒ်က် သစ္စာရှိခြင်းဟူသည် ကောင်းမွန်သောရည်စူးချက်ရှိခြင်းကိုခေါ်သည်။ လုပ်ဆောင်ချက်များတွင် ဆွိဒ်က် သစ္စာရှိခြင်းဟူသည် အနည်းဆုံး အတွင်း အပြင် ကိုက်ညီမှုရှိခြင်းကို ခေါ်သည်။ နှလုံးသားနှင့်ဆိုင်သောလုပ်ဆောင်ချက်များတွင် ဆွိဒ်က် သစ္စာရှိခြင်းဟူသည် အရှင်မြတ်အားကြောက်ရွံ့ရာတွင်လည်းကောင်း၊ အရှင်မြတ်ထံမျှော်ကိုးရာတွင်လည်းကောင်း စသည့်ကိစ္စရပ်များတွင် မှန်ကန်မှုရှိခြင်းကိုခေါ်သည်။ အကြင်သူ၏ထံတွင်ဖော်ပြပါ ဂုဏ်အရည်အချင်းများရှိပါက သူသည် ဆွိဒ်ဒီးက်အလွန်ပင်သစ္စာရှိသူဖြစ်သည်။ အကယ်၍ဖော်ပြပါ ဂုဏ်အရည်အချင်းများအနက် အချို့သောဂုဏ်အရည်အချင်းရှိသောသူသည် ဆွာဒိက် သစ္စာရှိသူဖြစ်သည်။
التصنيفات
ကောင်းမြတ်သည့် ကိုယ်ကျင့်တရား။