မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦး…

မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦး ဆုံတွေ့သည့်အခါ တစ်ဦးနှင့် တစ်ဦးကျောခိုင်းကြသည်။ ၎င်းတို့နှစ်ဦးအနက် အကောင်းဆုံးသူမှာ စလာမ် စပေးသူပင်ဖြစ်သည်။

အဗူအိုင်ယူဗ် အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦး ဆုံတွေ့သည့်အခါ တစ်ဦးနှင့် တစ်ဦးကျောခိုင်းကြသည်။ ၎င်းတို့နှစ်ဦးအနက် အကောင်းဆုံးသူမှာ စလာမ် စပေးသူပင်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်မွတ်စ်လင်မ်တစ်ဦးအား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲနေခြင်းကို ဟဒီးဆ်တော်၌ တားမြစ်ထားသည်။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး ဆုံတွေ့သည့်အခါ စလာမ်ပေးခြင်း၊ စကားပြောခြင်းမပြုဘဲ ကျောခိုင်းကြသည်။ သို့သော် ဤနေရာတွင် လူ့သဘာဝကို ထောက်ရှု၍ သုံးရက် သို့မဟုတ် ထို့ထက်နည်း၍ မခေါ်မပြောဘဲ နေခွင့်ရှိကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ဒေါသနှင့် အမူအကျင့်ဆိုးသည် လူတွင် သဘာဝအရ မလွှဲမရှောင်သာ ရှိနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော ဒေါသစိတ်များ ပျောက်သွားစေရန် သုံးရက်ထိ မခေါ်မပြောဘဲနေခြင်းကိုခွင့်ပြုထားခြင်းဖြစ်သည်။ ဟဒီးဆ်တော်၌ တားမြစ်ထားသည့် မခေါ်မပြောဘဲနေခြင်းဟူသည် မိမိအကျိုးအတွက်ကြောင့် မခေါ်မပြောဘဲနေခြင်းကို ဆိုလိုသည်။ သို့သော် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်သည့် တာဝန်ဝတ္တရားကြောင့် မခေါ်မပြောဘဲ နေခြင်းမျိုးတွင် အချိန်ကန့်သတ်ချက်မရှိပေ။ ဥပမာ - အပြစ်ကျူးလွန်သူ၊ တရားသစ်တီထွင်သူ၊ မကောင်းသည့်အပေါင်းအဖော်များစသည့်သူများကို အဆက်အသွယ်ဖြတ်ခြင်းမျိုးဖြစ်သည်။ ဤသည် ထိုသို့ပြုလုပ်ရသည့် အကြောင်းအရင်းဖြင့်သာ သက်ဆိုင်ပြီး ထိုအချက် မရှိတော့မှသာ ၎င်း၏အချိန်သည်လည်း ကုန်ဆုံးမည်ဖြစ်သည်။ စကားများကြသူနှစ်ဦးအနက် အကောင်းဆုံးသူမှာ စကားပြန်ပြောရန်ကြိုးစားသူ စလာမ် စပေးသူပင်ဖြစ်သည်။

فوائد الحديث

လောကီရေးကိစ္စများကြောင့် မွတ်စ်လင်မ်တစ်ဦးအား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲနေခွင့် မရှိပေ။

မိမိညီနောင်အား စလာမ် စပေးသူ၊ ၎င်းတို့နှစ်ဦးကြားရှိ မခေါ်မပြောခြင်း၊ အဆက်အသွယ်ဖြတ်ခြင်းများကို အဆုံးသတ်ရန် ကြိုးစားသူ၏ မွန်မြတ်ကို တင်ပြထားသည်။

စလာမ်၏ မွန်မြတ်မှုကိုတင်ပြထားသည်။ စလာမ်သည် စိတ်တွင်းရှိ အမုန်းတရားများကို ဖယ်ရှားပေးပြီး ၎င်းသည် ချစ်ခင်မှု၏ လက္ခဏာလည်းဖြစ်သည်။

التصنيفات

ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။, အဆက်ဖြတ်ခြင်းနှင့် ၎င်း၏စည်းကမ်းချက်များ။, စလာမ်ပေးခြင်းနှင့် ခွင့်တောင်းခြင်းဆိုင်ရာ အာဒါဗ် စည်းကမ်းများ။