စလာမ်ပေးခြင်းနှင့် ခွင့်တောင်းခြင်းဆိုင်ရာ အာဒါဗ် စည်းကမ်းများ။

စလာမ်ပေးခြင်းနှင့် ခွင့်တောင်းခြင်းဆိုင်ရာ အာဒါဗ် စည်းကမ်းများ။

1- မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။

6- ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်သည် အကောင်းဆုံးသော ဖြစ်ပါသနည်းဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင် (သူဆင်းရဲများအား) အစားအစာ ကျွေးမွေးခြင်း၊ အသင် သိသူကိုဖြစ်စေ မသိသူကိုဖြစ်စေ စလာမ်ပေးခြင်းဖြစ်သည်။